AD
AD
AD
play

 

လေဒီဂါဂါရဲ့ အယ်လ်ဘမ်သစ်ထဲက Perfect Illusion အမည်ရှိ သီချင်းဗီဒီယို စက်တင်ဘာ ၂၁ ရက်မှာ စတင်ထွက်ရှိလာပါတယ်။ ဒီသီချင်းကမကြာမီထွက်ရှိမယ့် Joanne အမည်ရှိအယ်လ်ဘမ်ထဲက ပထမဆုံးစင်ဂယ်လ်သီချင်းလည်းဖြစ်သလို လေဒီဂါဂါရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေ ပါဝင်နေတဲ့ သီချင်းလည်းဖြစ်ပါတယ်။

play

 

သီချင်းဗီဒီယိုထဲမှာတော့ လေဒီဂါဂါက ဖက်ရှင်ဆန်းတွေ ဝတ်မထားပါဘူး။ တီရှပ်နဲ့ ဘောင်းဘီတိုလေးကိုသာဝတ်ထားပြီး သီချင်းစာသားတွေနဲ့အညီ ခုန်ပေါက်အော်ဟစ်ကာ အားပါးတရ သီဆိုထားပါတယ်။ "ဒါ အချစ်မဟုတ်ခဲ့ဘူး၊ ဒါ ပြီးပြည့်စုံတဲ့ လှည့်စားမှုမဖြစ်ခဲ့ဘူး" ဆိုတဲ့ စာသားတွေက သူမနဲ့တေလာကင်နီတို့ရဲ့အကြောင်း ရေးသားထားပုံရပါတယ်။

play

 

သီချင်းပုံစံက ရော့ခ်ဆန်ဆန်ဖြစ်သလို ဂါဂါကလည်း အပီအပြင်ကိုပေါက်ကွဲပြီး ခံစားချက်အပြည့်နဲ့ သီဆိုထားတာကို မြင်တွေ့ရမှာပါ။ Joanne အယ်လ်ဘမ်ကိုတော့ အောက်တိုဘာ ၂၁ ရက်မှ ဖြန့်ချိမှာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD