Movie & Music: Power Rangers ဇာတ်ကားသစ်မှာ မူရင်းသရုပ်ဆောင်တွေပါဝင်ဖို့မရှိ

ကျွန်တော်တို့ကို ဒီကားမှာပါဖို့ အဖိတ်မခံထားရပါဘူး..

play

 

ပြန်လည်ဆန်းသစ်ရိုက်ကူးမယ့် Power Rangers ဇာတ်ကားသစ်မှာ မူလလက်ဟောင်းသရုပ်ဆောင်တွေ ပါဝင်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။

play

 

Mighty Morphin Power Rangers စီးရီးတွေမှာ အနက်ရောင်ရိန်းဂျား Zack အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝေါ်လ်တာဂျုန်းစ်က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ " ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ကို ဇာတ်ကားသစ်ရဲ့တစ်စိတ်တစ်ပိုင်းမှာပါဝင်ဖို့တောင် ဖိတ်ကြားခြင်းမခံထားရပါဘူး။ စိတ်မသက်မသာဖြစ်မိပေမယ့် ဇာတ်ကားသစ်အပေါ်တော့ စိတ်လှုပ်ရှားမိပါတယ်" လို့ ဝေါ်လ်တာက ပြောပါတယ်။

play
ဇာတ်ကားသစ်မှာ ပါဝင်မယ့် သရုပ်ဆောင်များ

 

Power Rangers ဇာတ်ကားသစ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်မှာ စတင်ပြသဖို့ ကြေညာထားပါတယ်။

Source : EW

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ