Movie & Music: Power Rangers နမူနာဗီဒီယို စတင်ထွက်ရှိလာ

ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ ရိန်းဂျားတွေကို ခေတ်သစ်ပုံစံနဲ့ တစ်ကျော့ပြန်မြင်ရမှာဆိုတော့ စိတ်လှုပ်ရှားစရာပါပဲ။

play

 

၂၀၁၇ ခုနှစ် မတ်လမှာ ထွက်ရှိမယ့် Power Rangers ဇာတ်ကားရဲ့ ပထမဆုံး နမူနာဗီဒီယိုကို Lionsgate က အောက်တိုဘာ ၈ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

play

 

Angel Grove ဆိုတဲ့ မြို့ငယ်လေးရှိ အထက်တန်းကျောင်းတစ်ခုက သူငယ်ချင်းငါးယောက်နဲ့ အစပျိုးထားပုံကတော့ မူလလက်ဟောင်း Power Rangers အတိုင်းပါပဲ။ မျှော်လင့်မထားပါဘဲ စွမ်းအားတွေကို ပိုင်ဆိုင်သွားကြသလို အန္တရာယ်တွေကို ကာကွယ်ပေးကြမယ့်ပုံစံအတိုင်း ပြသထားပါတယ်။

play

 

ခေတ်သစ် ရိန်းဂျားတွေပီပီ ဝတ်စုံတွေက ခေတ်ဟောင်းနဲ့မတူတော့ဘဲ အကြီးအကျယ်ပြောင်းလဲထားပုံကိုလည်း ထုတ်လုပ်ရေးဘက်က ကြိုတင်ပြသခဲ့ပြီးသားပါ။ ၂ မိနစ်စာ ဗီဒီယိုထဲမှာတော့ ဒီဝတ်စုံတွေ ဘယ်လိုရလာသလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ