Movie & Music: ဂင်းနစ်စံချိန်တင်သွားတဲ့ PPAP သီချင်း

, updated

PPAP အောင်မြင်မှုက နိုင်ငံအတော်များများအထိ ပေါက်ရောက်ခဲ့တာပါ။

play

 

ပန်းသီး၊ နာနတ်သီးနဲ့ ဘောပင်တို့ကိုပဲ သီချင်းဖြစ်အောင် စပ်ဆိုခဲ့တဲ့ ဂျပန်အဆိုတော် ပီကိုတာရိုရဲ့ AAPA သီချင်းကတော့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းထဲတောင် ရောက်သွားခဲ့ပါပြီ။

US Billboard Hot 100 စာရင်းကို ရောက်လာတဲ့ အတိုဆုံးသီချင်းအဖြစ် ကမ္ဘာ့စံချိန်ရသွားခဲ့ပါ။ ၄၅ စက္ကန့်သာ ကြာတဲ့ ပီကိုတာရိုရဲ့ PPAP သီချင်းက နံပါတ် ၇၇ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

play

 

ပီကိုတာရိုဟာ အသက် ၅၃ နှစ် ရှိပါပြီ။ ၁၉၉၀ ခုနှစ်နောက်ပိုင်း Billboard စာရင်းဝင်ခဲ့တဲ့ ပထမဆုံး ဂျပန်အနုပညာရှင်လည်း ဖြစ်လာပါတယ်။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က ပီကိုတာရိုကို အောက်တိုဘာ ၂၈ ရက်မှာ ဂင်းနစ်မှတ်တမ်းဆု ပေးအပ်ခဲ့ပါတယ်။

Source : Strait Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ