Movie & Music: PSY ရဲ့ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်ကို ချိုးလိုက်ပြန်တဲ့ တေလာဆွစ်

YouTube မှာ စတင်တဲ့နေ့မှာတင် ကြည့်ရှုသူ ၄၃.၂ သန်း ရှိသွားပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ကမှ VMA Music Awards မှာ ချပြလိုက်တဲ့ တေလာဆွစ်ရဲ့ သီချင်းသစ်ဟာ စံချိန်တော်တော်များများကို ချိုးလိုက်နိုင်ပါပြီ။

play

 

အခုဆိုရင် ၂၀၁၃ ခုနှစ်ကတည်းက YouTube မှာ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်ကို View ၃၆ သန်းနဲ့  ယူထားတဲ့ PSY ရဲ့ Gentleman ကို တေလာဆွစ်ရဲ့ Look What You Made Me Do သီချင်းက View ၄၃.၂ သန်းနဲ့ အပြတ်အသတ်ကျော်တက်သွားခဲ့ပါပြီ။

ဒီသီချင်းဟာ YouTube မှာ စတင်ပြီး ၂၄ နာရီအတွင်းမှာ တစ်မိနစ်အတွင်း ပျမ်းမျှ ကြည့်ရှုသူ သုံးသောင်းရှိနေကာ တစ်နာရီကို ကြည့်ရှုသူ ၃ သန်း ကျော်ရှိနေပါတယ်။ တေလာဆွစ်ဟာ Vevo ရဲ့ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်သစ်ကိုလည်း တင်နိုင်လိုက်ပါတယ်။ အရင်စံချိန်တင်ထားတာက အဒဲလ်ရဲ့ Hello ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ View ၂၇.၇ သန်းနဲ့ စံချိန်တင်ထားခဲ့တာပါ။

 

သီချင်းဗီဒီယိုမထွက်ခင် Look What You Made Me Do ရဲ့ Lyric video ကလည်း YouTube မှာ ၂၄ နာရီအတွင်း လူကြည့်အများဆုံး သီချင်းအဖြစ် စံချိန်တင်ပြီးသားပါ။ ဒါ့အပြင် ဒီသီချင်းဟာ Billboard Hot 100 charts မှာလည်း နံပါတ် ၁ နေရာကို ရယူထားပြီဖြစ်ပါတယ်။

အခုဆိုရင် Look What You Made Me Do သီချင်းဗီဒီယိုဟာ စတင်ထုတ်လွှင့်တဲ့နေ့ သြဂုတ်လ ၂၇ ရက်နေကစလို့ ယခုအချိန်အထိ ကြည့်ရှုသူ ၆၇.၇ သန်းကျော်သွားပြီး တရိပ်ရိပ်လည်း တက်နေဆဲဖြစ်ပါတယ်။

play

 

ဒီတစ်ပတ်အတွင်းမှာတော့ တေလာဆွစ်ဟာ Music Lover တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးဖြစ်နေပြီး  စံချိန်တော်တော်များများကို ချိုးခဲ့နိုင်ကာ နောက်ထပ် စံချိန်သစ်တွေ ထပ်တင်နိုင်ဦးမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ နောက်ပြီး ဒီသီချင်းဟာ သူမရဲ့  Reputation အယ်လ်ဘမ်အစသာ ရှိပါသေးတယ်။

ယင်းအယ်လ်ဘမ်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ထွက်ရှိမှာဖြစ်ပြီး သီချင်းတစ်ပုဒ်ထဲနဲ့တင် လူတွေ ဒီလောက်ရူးသွပ်ကုန်တာ နောက်ထပ် ဘာသီချင်းတွေနဲ့ တေလာဆွစ်က ထပ်မံဖမ်းစားဦးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။

Source : Billboard

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ