AD
AD
AD

တေလာဆွစ်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထွက်မယ့် သူမရဲ့ အယ်လ်ဘမ်သစ် Reputation ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Ready for It? ကို ဒီနေ့ (အောက်တိုဘာလ ၂၇) ရက်နေ့ မနက်မှာပဲ ထပ်မံထုတ်လွှင့်လိုက်ပါတယ်။

play

 

အဲဒီအယ်လ်ဘမ်ထဲက ပထမဆုံးထုတ်လွှင့်လိုက်တဲ့ Look What You Made Me Do သီချင်းဗီဒီယိုက အပေါက်ကြီးပေါက်သွားခဲ့ပြီး YouTube မှာPSY ရဲ့ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်ကို ချိုးလိုက်နိုင်ခဲ့ပါတယ်။ အခု Ready for it? သီချင်းကတော့ သီချင်းဗီဒီယိုဖန်တီးမှုမှာ ပထမသီချင်းလောက် ဆွဲဆောင်မှုမရှိပေမဲ့ သီချင်းကိုတော့ Audio ကတည်း လူကြိုက်များခဲ့ပါတယ်။

play

 

တေလာနဲ့  Music Video Director - Joseph Khan တို့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီသီချင်းဟာ Blade Runner 2049 နဲ့ Ghost in the Shell တို့လို သိပ္ပံကားတွေကို အမှီပြု ဖန်တီးထားတယ်လို့လည်း ပြောကြပါတယ်။ တေလာဆွစ်က Ghost in the Shell ထဲက စကားလတ်ဂျိုဟန်ဆန်လို စတိုင်မျိုးနဲ့ တွေ့မြင်ရချိန်မှာတော့ အဲဒီသတင်းက မှန်နိုင်တယ်လို့ ယူဆရပါတယ်။

 

သီချင်းစာသားကတော့ ပရိသတ်တွေ နားထောင်ပြီးသားဖြစ်တဲ့အတွက် သိပ်ပြောစရာလိုမယ်တော့ မထင်ပါဘူး။ တေလာဆိုနေကျပုံစံထဲက နည်းနည်းကွဲထွက်နေပြီး Chorus အဆုံးမှာ Are you ready for it ? လို့မေးပြီး လာတဲ့ Beat သံလေး ထည့်ထားတာလေးက တော်တော်မိုက်ပါတယ်။

ဒီသီချင်းဗီဒီယိုဟာ လူကြိုက်များဦးမှာဖြစ်တာ သေချာပေမဲ့ ပထမသီချင်းလောက် ပေါက်မပေါက်ကိုတော့ စောင့်ကြည့်ရမှာပါပဲ။ YouTube မှာတော့ ထုတ်လွှင့်လိုက်တာ တစ်နာရီကျော်အတွင်းမှာ ကြည့်ရှုသူက ၄ သိန်းကျော် ဖြစ်သွားပါပြီ။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD