AD
AD
AD
play

 

ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် (Steven Spielberg) ရဲ့ Ready Player One ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ ကျော်သွားပြီး လက်ရှိ ရုံတင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ဒါဟာ ၂၀၀၈ ခုနှစ်က ရုံတင်ခဲ့တဲ့  “Indiana Jones and the Kingdom of the Crystal Skull” နောက်ပိုင်း စပီးဘာ့ဂ်ရဲ့ အကြီးမားဆုံး အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။

play

 

စိတ်ကူးယဉ်သိပ္ပံကားဖြစ်တဲ့ Ready Player One ဟာ အမေရိကမှာထက် တရုတ်နိုင်ငံမှာ ပိုမို အောင်မြင်နေတာဖြစ်ပြီး ဂျပန်နဲ့ ဂျာမနီမှာတော့ ရုံမတင်ရသေးပါဘူး။

၂၀၂၄ ခုနှစ်မှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်တစ်ခုအဖြစ် ရိုက်ကူးထားတဲ့ Ready Player One ရုပ်ရှင်ကားမှာ နာမည်ကြီးသရုပ်ဆောင်တွေ၊ ဝါရင့်သရုပ်ဆောင်တွေနဲ့ တက်သစ်စသရုပ်ဆောင်တွေ များစွာ ပါဝင်ပါတယ်။

play

 

အဓိကဇာတ်ကောင်များအဖြစ် Tye Sheridan နဲ့ Olivia Cooke တို့က သရုပ်ဆောင်ထားပါတယ်။

ဇာတ်ပို့များအဖြစ် Rogue One မှာ ပါဝင်ဖူးတဲ့ Mendelsohn ၊ အော်စကာဆုရှင် Mark Rylance ၊ Simon Pegg ၊ Silicon Valley ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖူးတဲ့ T.J. Miller ၊ Master Of None ဇာတ်လမ်းတွဲမှ Lena Waithe ၊ ဂျပန်-မြန်မာ အဆိုတော် သရုပ်ဆောင် မိုရီဆာကီဝင်း နဲ့ ဗြိတိန်မင်းသမီး Hannah John-Kamen တို့ ပါဝင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD