Movie & Music: ကေတီပယ်ရီရဲ့စွန့်စားခန်းတွေပါတဲ့ Rise သီချင်းဗီဒီယို

အခက်အခဲတွေရင်ဆိုင်ရချိန်မှာ အကူအညီကင်းမဲ့နေပေမယ့် ဇွဲမာန်မလျှော့ဘဲ ရှေ့ဆက်သွားမယ့်အကြောင်း Rise သီချင်းစာသားတွေက ညွှန်းဆိုထားပါတယ်။

play

 

ကေတီပယ်ရီရဲ့ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Rise သီချင်းဗီဒီယိုဟာ သြဂုတ် ၄ ရက် ညပိုင်းမှာ ထွက်ရှိလာခဲ့ပါပြီ။ တင်ဆက်မှုကောင်းကောင်းတွေနဲ့သာ ချပြလေ့ရှိတဲ့ ကေတီဟာ Roar နဲ့ Dark Horse ထွက်ရှိပြီးကတည်းက သီချင်းဗီဒီယိုသစ် မထွက်တော့တာကြောင့် Rise ရဲ့ သီချင်းဗီဒီယိုကို ပရိသတ်တွေက မျှော်နေခဲ့ကြတာပါ။

play

play

 

ဒီဗီဒီယိုထဲမှာတော့ ကေတီတစ်ဦးတည်းကပဲ သရုပ်ဆောင်ထားပြီး စွန့်စွန့်စားစား ရိုက်ကူးထားတာကို မြင်ရမှာဖြစ်ပါတယ်။ ပန်းရောင်လေထီးကြီးနဲ့ ကေတီက လူသူကင်းမဲ့တဲ့နေရာကို ရောက်သွားပြီး အကူအညီကင်းမဲ့နေပေမယ့် သူမဘာသာ ကြိုးစားရုန်းကန်ကာ ခရီးဆက်သွားပုံနဲ့ တင်ဆက်ထားပါတယ်။

play

သီချင်းစာသားတွေထဲကအတိုင်း အရှုံးမပေးဘဲ ခွန်အားသတ္တိအပြည့်နဲ့ ရုန်းကန်ရပုံတွေကို ကေတီက သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ Rise သီချင်းဗီဒီယိုကို YouTube ပေါ်မှာ တင်ပြီး ၅ နာရီအတွင်းမှာတင် ကြိမ်ရေ ၂ သန်းနီးပါး ကြည့်ရှုခြင်းခံရတာလည်း ကေတီရဲ့အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ