Movie & Music: ဆယ်စုနှစ်အတွင်း Rolling Stones ရဲ့ ပထမဆုံးအယ်လ်ဘမ်ကို ဒီဇင်ဘာမှာထွက်မယ်

Rolling Stones က ၁၀ စက္ကန့်ကြာမြင့်တဲ့ တေးသီးချင်းနဲ့ ဗီဒီယိုတစ်ခုကို တွစ်တာမှာ လွှင့်တင်ခဲ့ပြီး စာညွှန်းအဖြစ် 'လာမယ့် အောက်တိုဘာ ၆ ရက်' လို့ ရေးသားထားခဲ့ပါတယ်။

play


ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ Rolling Stones ရဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး တေးသီချင်းအယ်လ်ဘမ်သစ် "Blue & Lonesome" ကို ဒီဇင်ဘာလမှာ ဖြန့်ချိသွားမယ်လို့ ယနေ့ (အောက်တိုဘာ ၆ ရက်) မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Rolling Stones က ၁၀ စက္ကန့်ကြာမြင့်တဲ့ တေးသီးချင်းနဲ့ ဗီဒီယိုတစ်ခုကို တွစ်တာမှာ လွှင့်တင်ခဲ့ပြီး စာညွှန်းအဖြစ် 'လာမယ့် အောက်တိုဘာ ၆ ရက်' လို့ ကြိုတင်ရေးသားထားခဲ့လည်း ဖြစ်ပါတယ်။

  play


ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၅ ရက်) မှာတော့ Rolling Stones ရဲ့ တရားဝင် တွစ်တာကနေ 'မနက်ဖြန် မွန်းလွဲ ၂ နာရီ' လို့ ရေးသားလွှင့်တင်ထားတာ တွေ့ရပါတယ်။ အသစ်ထွက်ရှိလာမယ့် Rolling Stones ရဲ့ အယ်လ်ဘမ်မှာ Blues ဂီတအမျိုးအစားကို ခံစားရမှာ ဖြစ်ပါတယ်။ Rolling Stones ရဲ့ အယ်လ်ဘမ်သစ်မှာ ၂၀၀၅ ခုနှစ်က နောက်ဆုံး ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

play
Rolling Stones အဖွဲ့ ကျူးဘားနိုင်ငံမှာ ဖျော်ဖြေခဲ့စဉ်


ယခုနှစ် မတ်အတွင်းမှာတော့ ကျူဘားနိုင်ငံမှာ Rolling Stones အဖွဲ့ သွားရောက်ဖျော်ဖြေခဲ့ရာ ခန့်မှန်းခြေ ပရိသတ် ၅၀၀,၀၀၀ အထိ အားပေးခဲ့ကြပါတယ်။

Rolling Stones ရဲ့ လိဒ်ဂစ်တာသမား ရစ်ချတ်က ၎င်းနဲ့အတူ Rolling Stones အဖွဲ့သားတွေဖြစ်တဲ့ မစ်ဂျက်ဂါ၊ ချာလီဝက်စ်နဲ့ ရွန်ဝုဒ်တို့ဟာ ၂၀၁၆ မှာ စတူဒီယိုကို ပြန်လာခဲ့မယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်က ပြောကြားထားခဲ့ဖူးပါတယ်။ Rolling Stones ရော့ခ်ဂီတအဖွဲ့ကို ၁၉၆၂ ခုနှစ်က လန်ဒန်မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Rolling Stones Twitter, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ