Movie & Music: ပြန်လည်ပေါင်းစည်းတော့မယ့် S.E.S အဖွဲ့သားတွေ

၁၉၉၇ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးအနုပညာအေဂျင်စီ SM Entertainment က ဖွဲ့စည်းပေးခဲ့တဲ့  ပထမဆုံးအမျိုးသမီးအဆိုတော်အဖွဲ့ S.E.S ဟာ မကြာခင် ပရိသတ်ရှေ့ကို ပြန်ရောက်လာပါတော့မယ်။

play

 

အဖွဲ့ဝင်သုံးဦး ပါဝင်တဲ့ S.E.S ဟာ ၁၉၉၇ ခုနှစ်ကစပြီး လှုပ်ရှားခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာတော့ အဖွဲ့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပါတော့တယ်။ S.E.S နှစ် ၂၀ ပြည့် အထိမ်းအမှတ်မှာ အဖွဲ့သားတွေပေါင်းစည်းပြီး အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ အဖွဲ့ဝင် ဘာဒါက အောက်တိုဘာ ၃ ရက်နေ့မှာ သူမရဲ့အင်စတာဂရမ်ကတစ်ဆင့် ကြေညာလိုက်တာဖြစ်ပါတယ်။

play

 

ကျန်အဖွဲ့သားနှစ်ဦးဖြစ်တဲ့ အူဂျင်းနဲ့ ရှုးတို့ကိုလည်း အဖွဲ့ပြန်လည်ပေါင်းစည်းဖို့ တိုင်ပင်ခဲ့ပြီးပြီဖြစ်ကြောင်းနဲ့ ပရိသတ်တွေအနေနဲ့ နည်းနည်းလောက် စောင့်ဆိုင်းပေးဖို့၊ ပိုပြီးမျှော်လင့်ထားဖို့ကိုလည်း ဘာဒါက ရေးသားထားပါတယ်။

Source : Bada0228 Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ