Movie & Music: S.E.S အဖွဲ့ကို ခွေထုတ်ပေးမယ့်အပြင် ရှိုးပွဲပါလုပ်ပေးမယ်လို့ SM Town ကြေညာ

တောင်ကိုရီးယားရဲ့ အကြီးမားဆုံးအေဂျင်စီကနေ ပထမဆုံးမွေးထုတ်ခဲ့တဲ့ မိန်းကလေးအဆိုတော်အဖွဲ့ပါ။

play

 

နှစ် ၂၀ ပြည့် အထိမ်းအမှတ်နဲ့ အဖွဲ့သားတွေ ပြန်လည်ပေါင်းစည်းကာ သီချင်းတွေ ပြန်ဆိုတော့မယ့် S.E.S အဖွဲ့ကို အယ်လ်ဘမ်တစ်ချပ်ထုတ်ပေးမယ့်အပြင် ဖျော်ဖြေပွဲတစ်ပွဲပါ လုပ်ပေးဦးမယ်လို့ SM Entertainment က ကြေညာလိုက်ပါတယ်။

play

 

S.E.S အဖွဲ့ဟာ SM ရဲ့ ပထမဆုံးသော အမျိုးသမီးအဆိုတော်အဖွဲ့လည်း ဖြစ်ပါတယ်။ ဘာဒါ၊ အူဂျင်း၊ ရှုး ဆိုတဲ့ မိန်းကလေးသုံးယောက်နဲ့ S.E.S အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာဖွဲ့စည်းပေးခဲ့တာပါ။ အဖွဲ့ဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်လာခဲ့တာ ၂၀၀၂ ခုနှစ်အထိပါပဲ။

S.E.S နှစ် ၂၀ ပြည့်အတွက် မိခင်အေဂျင်စီကြီးက အထူးတလည် စီစဉ်ပေးတာဖြစ်တဲ့အကြောင်း အောက်တိုဘာ ၁၇ ရက်မှာ ကြေညာထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ