Movie & Music: သည်းထိပ်ရင်ဖို ဇာတ်ကားသစ် SiREN

, updated

အမေရိကမှာ ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ရုံတင်နေပါပြီ။

သည်းထိပ်ရင်ဖိုဇာတ်ကားသစ် SiREN နမူနာ

ဂျွန်နာ့ဟာ မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ သူ့ရဲ့သတို့သားအရံတွေနဲ့အတူ ကဲဖို့အတွက် ညဘက် ထွက်လာခဲ့ပါတယ်။ သူတို့အုပ်စုဟာ ခပ်ခြာခြာ မြေအောက် ကလပ်တစ်ခုကို ဖိတ်ခေါ်ခံရပြီတဲ့နောက် သူတို့ရဲ့ညဟာ အဆိုးရွားဆုံးအခြေအနေကို ပြောင်းလဲသွားပါတော့တယ်။

play

ဂျွန်နာ့က အကျဉ်းချခံထားရတဲ့ အကမယ်တစ်ဦးကို လွှတ်ပေးပြီးတဲ့နောက် အဲဒီအမျိုးသမီးဟာ ကြောက်စရာကောင်းလှတဲ့ သတ္တဝါတစ်ကောင်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။

play

 

ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်က သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်တဲ့ V/H/S ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ယင်းဇာတ်ကားရဲ့အဓိကဇာတ်ဆောင်မင်းသမီး ဟန်နာဖီးမန်းဟာ ထူးဆန်းပြီး ကြမ်းကြုတ်လှတဲ့အပြင် ကြိမ်ဖန်များစွာ အဝတ်အစားမပါဘဲ နေရတဲ့ မကောင်းဆိုးဝါး အမျိုးသမီးနေရာမှာ သူမကို သရုပ်ဆောင်ဖို့အတွက် စာရေးဆရာ ဒါရိုက်တာ ဒေးဗစ်ဘရုခ်နာက ကမ်းလှမ်းချိန်မှာ ခံစားချက်တွေ ရှုပ်ထွေးခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

"ကျွန်မ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားတယ်။ လူတစ်ယောက်က လာပြီး 'နင် ငါ့ရုပ်ရှင်ထဲမှာ အဝတ်အစားမပါတဲ့ သရဲမ လုပ်ချင်လား' လို့ အမေးခံရတာလေ" လို့ သူမက ပြန်ပြောပြါတယ်။

ဒီဇာတ်ကားထဲမှာ ဟန်နာနဲ့အတူ ချေ့စ်ဝီလီယမ်ဆန်၊ ဂျက်စတင်ဝဲလ်ဘွန်း၊ မိုက်ကယ်အာရွန်မီလီဂန်၊ ဟေးစ်မာကာနဲ့ ရန်ဒီမက်ဒေါ့ဝဲလ်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Source & Photos : ew

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ