Movie & Music: ဇေးမောလစ်နဲ့ Snakehips တို့ပူးပေါင်းထားတဲ့ သီချင်းသစ်တစ်ပုဒ်ထွက်ရှိ

အချစ်စာသားတွေပါဝင်ပေမဲ့ ချစ်သူလေးဂျီဂျီဟက်ဒီးနဲ့တော့ သရုပ်ဆောင်ထားတာမဟုတ်ပါဘူး။

play

 

One Direction အဖွဲ့သားဟောင်း ဇေးမောလစ်နဲ့ ဗြိတိန် DJ အဖွဲ့ Snakehips တို့ ပူးပေါင်းထားတဲ့ Cruel အမည်ရှိ သီချင်းတစ်ပုဒ် သြဂုတ် ၉ ရက်နေ့မှာ ထွက်ရှိလာပါတယ်။

play

 

အီလက်ထရိုမြူးဇစ်အမျိုးအစားဖြစ်ပြီး ဇေးက featuring သီဆိုပေးထားတာပါ။ သရုပ်ဆောင်အနေနဲ့လည်း ဇေးကပဲ ပါဝင်ထားပါတယ်။ ဇေးနဲ့တွဲပြီးသရုပ်ဆောင်သူကတော့ ဂျီဂျီမဟုတ်တော့ပါဘူး။

play

 

ဇေးမောလစ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်း Pillow Talk တုန်းကတော့ ဇေးက သူ့ရဲ့ချစ်သူ ဂျီဂျီဟက်ဒီးနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်တာက ချစ်ကြိုက်ခန်းတွေများလို့လည်း ဝေဖန်သံတွေ ညံခဲ့ရပါသေးတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ