Movie & Music: ပြိုင်ပွဲပြုလုပ်ပြီး အဖွဲ့ဝင်သစ်ရှာမယ့် Spice Girls

BBC ရုပ်သံကနေ ပြိုင်ပွဲလုပ်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

play

 

ရောင်းအားအကောင်းဆုံး စာရင်းဝင်အဖြစ် ပထမဆုံးအကြိမ် ပါဝင်ပြီး နှစ် ၂၀ အကြာမှာ Spice Girls အဖွဲ့က BBC talent show ကို အသုံးပြီး လူသစ်ရှာဖွေပါတော့မယ်။

ဂါရီဟယ်လီဝဲလ်၊ အမ်မာဘန်တန်နဲ့ မယ်လ်ဘီတို့က Spice Girls ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ မယ်လ်စီတို့ကတော့ မပါဝင်တော့ပါဘူး။

play

 

လက်ရှိမှာ အမေရိကန် Got Talent ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ မယ်လ်ဘီက သူတို့နဲ့အတူ သီဆိုဖို့ တခြားသူတွေကို ဖိတ်ခေါ်ချင်ကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

သူတို့သုံးဦးဟာ လူသစ်ရွေးချယ်ဖို့အတွက် BBC ကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ သူတို့တွေကို ဒိုင်တွေအဖြစ် မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

play

 

အသံစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် နောက်နှစ် ဧပြီလမှာ ငါးညဆက်တိုက် ပြိုင်ပွဲပြုလုပ်ကာ ဖိုင်နယ်ပွဲကို BBC1 မှာ တိုက်ရိုက်တင်ဆက်ခြင်းနဲ့ အဆုံးသတ်မယ်လို့ သိရပါတယ်။

အနိုင်ရရှိသူက နောက်နှစ် ဇူလိုင်လမှာ ကျင်းပမယ့် Spice Girls အဖွဲ့ရဲ့ ပထမဆုံး သီချင်း Wannabe ထွက်ရှိမှု ၂၁ နှစ်ပြည့်ပွဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ