Movie & Music: Spice Girls ရဲ့စံချိန်ကို ချိုးလိုက်တဲ့ Little Mix

ယခုသီတင်းပတ်အတွင်း ရောင်းအားအကောင်းဆုံးနေရာကို ရောက်နေတယ်လို့ သိရပါတယ်။

play

X Factor သီချင်းဆိုပြိုင်ပွဲကနေ နိုင်ငံတကာမှာ လူကြိုက်များလာတဲ့အထိ အောင်မြင်နေတဲ့ Little Mix အဖွဲ့ဟာ ယူကေမှာ စံချိန်တစ်ခုရသွားလိုက်ပါတယ်။ ယူကေ အမျိုးသမီးအဆိုတော်အဖွဲ့အနေနဲ့ အချိန်တိုတွင်း ရောင်းအားအကောင်းဆုံးနေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ဟာ အရင်တုန်းက  Spice Girls အဖွဲ့ရထားခဲ့တာပါ။

play

 

Little Mix အဖွဲ့ရဲ့ Glory Days အယ်လ်ဘမ်ဟာ ယူကေမှာ သီတင်းပတ်တစ်ပတ်အတွင်း ကော်ပီချပ်ရေပေါင်း ၉၆,၀၀၀ ကျော် ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ယခင်ထွက်ရှိထားတဲ့ အယ်လ်ဘမ်တွေထက်လည်း ရောင်းအားတက်ခဲ့ကာ ယခုသီတင်းပတ်အတွင်း ရောင်းအားအကောင်းဆုံးနေရာကို ရောက်နေတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ