Movie & Music: ပရိသတ်တွေစောင့်မျှော်နေတဲ့ Spider-Man : Homecoming နမူနာထွက်ရှိလာ

ရုံမှာကြည့်ဖို့အတွက်တော့ ဇွန်လ ၇ ရက်နေ့အထိ စောင့်ရပါမယ်။

 

Marvel ရုပ်ပြရဲ့ လူကြိုက်အများဆုံးဇာတ်ရုပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Spider-Man ကို လူငယ်သရုပ်ဆောင် တွမ်ဟော်လန်နဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Spider-Man : Homecoming ရုပ်ရှင်ရဲ့ နမူနာဗီဒီယို စတင်ထွက်ရှိလာပါပြီ။ မနေ့ကတော့ အမြည်းသဘောတင်ဆက်ထားတဲ့ ဗီဒီယိုတိုလေးနဲ့ Spider-Man ပရိသတ်တွေရဲ့စိတ်ကို နှိုးဆွခဲ့ပြီးမှ နမူနာဗီဒီယိုကို Jimmy Kimmel ရုပ်သံအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာပါ။

play

 

Cilvil War မှာ အစပျိုးခဲ့တဲ့အတိုင်း အထက်တန်းကျောင်းသားလေး ပီတာပတ်ကား (တွမ်ဟော်လန်)ဟာ တိုနီစတာ့ခ် (Iron Man) ဖန်တီးပေးထားတဲ့ အထူးဝတ်စုံနဲ့အတူ မှုခင်းနှိမ်နင်းရေးတွေ စတင်ပြုလုပ်နေပါတယ်။ တိုနီက ပီတာကိုလာရောက်တွေ့ဆုံပြီး ညွှန်ကြားတာကြောင့် Spider-Man ဟာ Iron Man ရဲ့ လက်အောက်ခံလုံးလုံးလျားလျား ဖြစ်သွားတဲ့သဘောပါပဲ။

play

 

အဓိကနှိမ်နင်းရမယ့် ဗီလိန်ကလည်း ယခင် Spider-Man ဇာတ်လမ်းမှာ ပါဝင်ဖူးတဲ့ Vulture ပဲ ဖြစ်နေပါတယ်။ Vulture ရဲ့ ဖျက်ဆီးမှုတွေကို လိုက်လံတားဆီးရင်း လူတွေကိုကယ်ဆယ်ရပုံတွေကို နမူနာဗီဒီယိုထဲမှာ မြင်ရပါတယ်။ Vulture ကို အပြီးသတ်နှိမ်နင်းဖို့ကတော့ တိုနီစတာ့ခ်နဲ့ ပီတာတို့ နှစ်ယောက်အတူ ပူးပေါင်းကြမယ့်ပုံပါပဲ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ