Movie & Music: အယ်လီဂိုလ်ဒင်ရဲ့ ဇာတ်ဝင်သီချင်းသစ် Still Falling For You

Divergent နဲ့ Fifty Shades of Grey ဇာတ်ကားတွေရဲ့ နာမည်ကျော်ဇာတ်ဝင်သီချင်းတွေကိုလည်း အယ်လီကပဲဆိုခဲ့တာပါ။

play

 

Bridget Jones’s Baby ဇာတ်ကားရဲ့ အဓိကဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Still Falling For You အမည်ရှိ သီချင်းသစ်ကို အယ်လီဂိုလ်ဒင်က သီဆိုထားပါတယ်။ ကြာသပတေးညက YouTube ပေါ်မှာ ဖြန့်ချိလိုက်တာပါ။

play

 

အချစ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်ဆိုပြလေ့ရှိတဲ့ အယ်လီက ဒီသီချင်းကိုလည်း သက်ဝင်ခံစားမှုကောင်းကောင်းနဲ့ သီဆိုထားတာတွေ့ရပါတယ်။ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေနဲ့အတူ အယ်လီရဲ့ သီဆိုဟန်လည်း ပါဝင်ပါတယ်။

play

 

အနက်ရောင်ဇာဝတ်စုံကိုဝတ်ပြီး ဆလိုက်တွေအောက်မှာ စိတ်လွတ်ကိုယ်လွတ် သီဆိုထားပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ