Movie & Music: သြဂုတ်လရဲ့စံချိန်တင်ဝင်ငွေနဲ့ အဖွင့်လှသွားတဲ့ Suicide Squad

စံချိန်ဟောင်းကို အပြတ်အသတ် ကျော်လွန်သွားတာပါပဲ။

play

 

ပြီးခဲ့တဲ့ သောကြာနေ့ကမှ စတင်ပြသနေတဲ့ Suicide Squad ဇာတ်ကားကတော့ Box Office စာရင်းမှာ ထိပ်ဆုံးကို ရောက်လာပါပြီ။ သြဂုတ်လအဖွင့်ရဲ့ ရုံတင်ဝင်ငွေစာရင်းမှာလည်း စံချိန်တင်လောက်အောင် ဝင်ငွေကောင်းခဲ့ပါတယ်။

play

 

ရုံတင်ဝင်ငွေ ဒေါ်လာ ၁၃၅.၁ သန်းနဲ့ သမိုင်းကြောင်းတစ်လျှောက် သြဂုတ်လအစ ဝင်ငွေအများဆုံးအဖြစ် ဦးဆောင်နေတာပါ။ ယခင်စံချိန်ဟောင်းကိုတော့ ဒေါ်လာ ၉၄.၃ သန်းနဲ့ Guardians of the Galaxy က ရထားခဲ့ပါတယ်။ သြဂုတ် ၅ ရက်နေ့ကမှ စတင်ပြသနေတဲ့ Suicide Squad ဇာတ်ကားရဲ့၃ ရက်စာ ရုံတင်ဝင်ငွေကိုပဲ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။

Source : EW

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ