Movie & Music: Suicide Squad မကြည့်ခင် သိထားသင့်တဲ့ ဇာတ်ကောင်တွေအကြောင်း

Suicide Squad က လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ ရန်ကုန်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Suicide Squad ဆိုတာ

play

 

Suicide Squad ဆိုတာကတော့ DC Comic ရဲ့ နာမည်ကြီးဗီလိန်တွေနဲ့ ပြစ်မှုကျုးလွန်ထားသူတွေကို ဇာတ်လမ်းအရ အမေရိကန်အစိုးရကနေပြီး လျှို့ဝှက်အနေနဲ့ လုပ်ငန်းစဉ်တွေခိုင်းစေဖို့ ဖွဲ့စည်းစေလွှတ်ခဲ့တဲ့ အဖွဲ့ပါ။ အမန်ဒါ ဝေါလ်လာဆိုတဲ့ အစိုးရဘက်ကအရာရှိကနေပြီး အဓိကစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

၁။ ဂျိုကာ

play

 

ဇာတ်ကားထဲမှာ Batman ရဲ့ အဓိကပင်တိုင်စံလူဆိုး ဂျိုကာအဖြစ် မင်းသားကြီးဂျရတ်လတ်တိုက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တကယ်ဆိုရင် ဂျိုကာဟာ Suicide Squad မှာမပါဝင်ပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ အမေရိကန်အစိုးရကနေပြီး အဖွဲ့တစ်ခုလုံးကိုထိန်းကွပ်နိုင်ဖို့ဆိုပြီး ဂျိုကာကိုပါထည့်သွင်းခဲ့တာပါ။ ဂျိုကာနဲ့အတူ ဟာလီကွင်း (မင်းသမီးချော မာဂေါ့ရော်ဘီ)ကိုပါ ဇာတ်ကားတောက်လျှောက်မှာ ချစ်ကြိုက်ခန်းလေးတွေ၊ အမုန်းတရားနဲ့ဒရာမာနည်းနည်းဆန်တာလေးတွေက ပရိသတ်ကိုမပျင်းစေရဘူးလို့လည်းဆိုပါတယ်။

၂။ မှော်မိန်းကလေး (The Enchantress)

play

 

နာမည်ကြီးမော်ဒယ်မင်းသမီးချော ကာရာဒလဗင်းဂ်ျဟာ ဒီဇာတ်ကားထဲမှာ မှော်အစွမ်းရှိတဲ့ မှော်မိန်းကလေးအဖြစ်ပါဝင်ပါတယ်။ ဇာတ်လမ်းအရမှာ The Enchantress ဟာ Suicide Squad ထဲမှာမှ သမားရိုးကျမဟုတ်ဘဲ အနည်းငယ်ကွဲပြားထူးခြားမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။ စုန်းမလိုမျိုးအစွမ်းတွေရှိနေပြီး စိတ်စွမ်းအားဆိုင်ရာပါဝါမျိုးတွေက The Enchantress ဇာတ်ကောင်ကို ရုပ်လုံးပေါ်စေတယ်လို့ဆိုပါတယ်။

၃။ အပစ်သမား (သို့မဟုတ်) Deadshot

play

 

ဝေလ်စမစ်သ်က Deadshot နဲ့အလိုက်ဆုံးပဲလို့ တချို့ပရိသတ်တွေနဲ့ ရုပ်ပြ Fan တွေရဲ့အသံထွက်နေခဲ့တာတော်တော်ကြာပါပြီ။ တကယ်လည်း DC ရဲ့ နာမည်ကြီးဗီလိန်နေရာကို ဝေလ် ယူလိုက်တဲ့အချိန်မှာ ဇာတ်ကားက ပြည့်စုံမှုရှိသွားပါတယ်။ ဟာလီကွင်းန်နဲ့ Deadshot တို့ရဲ့ ရိုမန့်ဆန်ဆန်ဇာတ်ဝင်ခန်းအချို့လည်း ဇာတ်ကားထဲမှာ ပါဝင်နေသေးတာပါ။

၎။ စစ်သားဆိုးကြီး (သို့မဟုတ်) Rick Flag

play

 

မင်းသား ဂျိုရယ်ကင်နာမန်းကတော့ ခပ်ဆိုးဆိုး စစ်သားဟောင်းကြီးအဖြစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာတာပါ။ Rick Flag ဟာ ပါဝါရှိတဲ့သူမဟုတ်တဲ့ သာမန်ဗီလိန်ဇာတ်ကောင်ပါပဲ။ အတိုက်အခိုက်အသတ်အပုတ်ကြမ်းတမ်းတဲ့ စစ်သားဆိုးကြီးပါ။ Deadshot နဲ့မတည့်တဲ့သူပေါ့။

၅။ မိကျောင်းလူသား (သို့မဟုတ်) Killer Croc

play

 

မွေးကတည်းက သာမန်လူလိုမဟုတ်ဘဲ မိကျောင်းတစ်ကောင်ရဲ့အရေခွံနဲ့အစွမ်းသတ္တိမျိုးတွေနဲ့ မွေးဖွားခဲ့ရတဲ့ လူဆိုးကြီးပါ။ လူတွေကိုလက်တစ်ဖက်တည်းနဲ့ ခါးကနေချိုးပစ်လိုက်နိုင်တဲ့အထိ စွမ်းအားကြီးသူလည်းဖြစ်ပါတယ်။

၆။ ကာတာနာ

play

 

ဂျပန်ဓားသမားအမျိုးသမီးပါ။ သူမကလည်း နာကြည်းစရာအတိတ်ဇာတ်ကြောင်းရှိတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ ရုပ်ပြထဲမှာတော့ ကာတာနာဟာ Suicide Squad ထဲကို သူမသဘောနဲ့သူမ ပါဝင်ခဲ့တာလို့ဆိုပါတယ်။

၇။ မီးလူသား (သို့မဟုတ်) El Diablo

play

 

မင်းသား ဂျေးဟာနန်ဒက်ဇ်က ဒီဇာတ်ကားထဲမှာ မီးတွေကို စိတ်နဲ့ထိန်းချုပ်ဖန်တီးနိုင်တဲ့ El Diablo ဇာတ်ကောင်အဖြစ် ပါဝင်လာပါတယ်။ El Diablo ဟာလည်း ကြေကွဲစိတ်ပျက်စရာ အတိတ်ကိုပိုင်ဆိုင်ခဲ့ရသူဖြစ်ပြီး သူ့ပါဝါကိုအသုံးချတတ်ဖို့ Deadshot က ကူညီခဲ့တာလို့လည်း ဆိုပါတယ်။

၈။ ကပ္ပတိန် ဘွန်မရမ်

play

 

ဘွန်မရမ် စင်္ကြာလက်နက်ပစ်ခတ်ခြင်းကို ငယ်စဉ်ကလေးဘ၀တည်းက လေ့ကျင့်ခဲ့တဲ့ သူခိုးကြီးပါ။ သြစတျေးလီယန်းစကားသံနဲ့ မင်းသားကြီး ဂျိုင်ကော့တ်နီက ပါဝင်သရုပ်ဆောင်ထားပါတယ်။

၉။ Slipknot

play

 

DC ရုပ်ပြရဲ့ နာမည်သိပ်မကြီးတဲ့ ဇာတ်ကောင်လို့လည်းဆိုပါတယ်။ သံမဏိကြိုးလက်နက်နဲ့ လူသတ်သမားကြီးပါ။

၁၀။ အရူးမလေး (သို့မဟုတ်) Harley Quinn

play

 

Suicide Squad ဇာတ်ကားကြီးရဲ့ အဓိကအကျဆုံးဇာတ်ကောင်ဖြစ်တယ်လို့ ပြောကြပါတယ်။ မင်းသမီးချော မာဂေါ့ရော်ဘီဟာ ထင်မှတ်ထားတာထက်ကိုပိုပြီး သရုပ်ဆောင်ပိုင်နိုင်ခဲ့တယ်လို့လည်း Spoiler တွေက ဆိုကြပါတယ်။ အားလုံးသိထားခဲ့သလိုပဲ ဂျိုကာကိုချစ်ကြိုက်မိသွားတဲ့ ဆရာဝန်မလေး ကွင်းန်ဟာ ဂျိုကာနဲ့ပတ်သက်ပြီး ဇာတ်ကြောင်းဇာတ်ရာတော်တော်များများမှာ ဆက်နွယ်နေပါတယ်။

Source : Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ