Movie & Music: နံပတ် ၁ နေရာမှာ နှစ်ပတ်ဆက်တိုက် ရှိနေတဲ့ Suicide Squad ဇာတ်ဝင်တေးအယ်လ်ဘမ်

ဇာတ်ကားတင်မက အယ်လ်ဘမ်ကလည်း ပေါက်သွားခဲ့ပါတယ်။

play

 

Suicide Squad ဇာတ်ကားဟာ သုံးပတ်ဆက်တိုက် ဝင်ငွေအကောင်းဆုံး ဇာတ်ကား ဖြစ်နေခဲ့သလို ယင်းဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေပါဝင်တဲ့ သီချင်းအယ်လ်ဘမ်ကလည်း ဘီလ်ဘုတ်ရဲ့ အယ်လ်ဘမ်စာရင်းမှာ နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးက နေရာယူထားပါတယ်။

play

 

Suicide Squad အယ်လ်ဘမ်ဟာ ပထမတစ်ပတ်အတွင်း အယ်လ်ဘမ်ပေါင်း ၉၃,၀၀၀ ရောင်းချခဲ့ရပြီး ၂၀၁၄ ခုနှစ်က ဘီလ်ဘုတ်မှာ နံပါတ် ၁ နေရာမှာ တစ်ပတ်ကျော် နေရာယူခဲ့တဲ့ Guardians of the Galaxy ပြီးနောက် ထိပ်ဆုံးမှာ နေရာယူနိုင်ခဲ့တဲ့ ပထမဆုံး ဇာတ်ဝင်တေးအယ်လ်ဘမ်ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ Guardians of the Galaxy အယ်လ်ဘမ်က ခွေစထုတ်ထုတ်ချင်းမှာ နံပါတ် ၁ နေရာကို ရခဲ့တာ မဟုတ်တဲ့အတွက် Suicide Squad က ပိုသာတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအယ်လ်ဘမ်တွေ မတိုင်ခင်က ဇာတ်ဝင်တေးအယ်လ်ဘမ်တွေက အရောင်းရဆုံး အယ်လ်ဘမ်စာရင်းမှာ နံပါတ် ၁ မချိတ်ခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်ပါပြီ။

Source & Photos : ew

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ