Movie & Music: မတူညီတဲ့ပုံစံသစ်နဲ့ ပရိသတ်တွေဆီ ပြန်လာမယ့် T-ara

Roly Poly နဲ့ So Crazy သီချင်းတွေဟာ T-ara ရယ်လို့ ကျော်ကြားစေခဲ့ပါတယ်။

play

 

၂၀၁၅ ခုနှစ် သြဂုတ်လက မီနီအယ်လ်ဘမ်တစ်ခု ထွက်ရှိပြီးနောက် သီချင်းသစ်မထွက်တာ တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ T-ara က ပရိသတ်တွေဆီကို မတူညီတဲ့ပုံစံနဲ့ ပြန်လာခဲ့ပါ့မယ်လို့ ဆိုလိုက်ပါတယ်။

play

 

" ကျွန်မတို့ နိုဝင်ဘာ ၉ ရက်နေ့မှာ ရှိုးပွဲလေးတစ်ခု လုပ်ပါ့မယ်။ ပရိသတ်တွေနဲ့ အတူလုပ်မယ့်ပွဲလေးပါ။ ဒါကြောင့်မို့လို့ ကျောင်းဆင်းရင်၊ အလုပ်ဆင်းပြီးရင် လာခဲ့ကြပါနော်။ အားလုံးလာလို့ရအောင် ညနေခင်းမှာ စီစဉ်ထားပါတယ်" လို့ T-ara အဖွဲ့ဝင်တွေက ပြောပါတယ်။

နောက်နေ့မှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အယ်လ်ဘမ်သစ်မှာ fan song ကို ထည့်သွင်းမှာဖြစ်တဲ့အကြောင်း သတင်းပေးထားကြပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ