AD
AD
AD

Ready For It သီချင်းဗီဒီယိုထွက်ရှိပြီး လအနည်းငယ်ကြာ ငြိမ်ကျသွားပြန်တဲ့တေလာဟာ သူမရဲ့ Reputation Album ထဲက End Game သီချင်းဗီဒီယိုကို လွန်ခဲ့တဲ့ နာရီပိုင်းမှာ တင်လိုက်ပါတယ်။ သီချင်းဗီဒီယိုမှာ သူမနဲ့အတူ သီချင်းသီဆိုထားတဲ့ Rapper Future ရော Ed Sheeran ပါ ပါဝင်ထားပါသေးတယ်။

play

 

စစချင်းမှာတော့ မီးရောင်စုံတဲ့ညတွေမှာ ပြတင်းလိုက်ကာကို ဆွဲဖွင့်တာတွေနဲ့အစပြုပြီး လူငယ်သဘာဝပျော်ပါးကခုန်တာတွေလာတာပါ။ တေလာဟာ ကိုယ်ပိုင်ဇိမ်ခံသင်္ဘောပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ဆက်စီကျကျကကွက်တွေနဲ့ ကပြတာတွေရော၊ နောက်ဆုံးပေါ်ကားကြီးပေါ်မှာ Rapper Future နဲ့အတူ သီချင်းဆိုရင်း ညအလှခံစားတာတွေရောက တစ်မျိုးကြည့်ကောင်းနေပါတယ်။

Ed Sheeran နဲ့ တိုကျိုမှာ သောက်စားပျော်မြူးပြီး ကစားကွင်းတွေသွား၊ ရယ်မောစနောက်နေတဲ့အခန်းလေးတွေကတော့ ချစ်စရာကောင်းပြီး ပေါ့ပါးတဲ့ခံစားမှုအပြည့်အ၀ပေးထားတာပါ။

play

 

အ၀တ်အစားဒီဇိုင်းတွေရော၊ အပြင်အဆင်အချယ်အသတွေပါ နေရာနဲ့လိုက်ပြီး ကြည့်ကောင်းအောင်တင်ဆက်ပြသွားနိုင်တဲ့ ဒီသီချင်းဗီဒီယိုမှာ တေလာကတော့ ဒီ Reputation အယ်လ်ဘမ်အစတည်းက ဆက်စီကျတဲ့သူမရဲ့ပုံစံတွေကို ပရိသတ်တွေကိုပိုချပြသွားချင်ပုံရပါတယ်။

 

End Game သီချင်းဗီဒီယိုဟာလည်း ရှေ့မှာထွက်ရှိခဲ့တဲ့ Ready For It သီချင်းဗီဒီယိုနဲ့ဆက်စပ်မှုရှိတယ်လို့ ယူဆလို့ရပြီး ဒီထဲမှာတော့ ဘယ်သူ့ကိုမှ ကြီးကြီးမားမားစောင်းမြောင်းဖော်ပြထားတဲ့ပြကွက်မျိုးတွေ မပါထားပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD