Movie & Music: လှည့်ကွက်အသစ်တွေနဲ့ ပရိသတ်သဘောကျဦးမယ့် The Fate of The Furious (Fast 8)

ထူးခြားတာကတော့ နယ်ပယ်စုံက နာမည်ကျော်တွေကို ထည့်သွင်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Fast & Furious 8

သင်က Fast and Furious ဇာတ်ကားတွေကို စွဲလန်းခဲ့ဖူးသူပါ။ အခုလည်း ၂၀၁၇ မှာရုံတင်ပြသမယ့် Fast 8 ရဲ့ နမူနာဗီဒီယို ထွက်ရှိလာခဲ့ပါပြီ။

အမြဲတမ်း ကားတွေပြိုင်မောင်း၊ တိုက်ကြခိုက်ကြပစ်ကြခတ်ကြနဲ့ မဆုံးနိုင်တော့တဲ့ ဇာတ်လမ်းတွေကိုမှ လူတွေမရိုးအောင် ရိုက်ကူးတင်ဆက်နိုင်လေ့ရှိတာကြောင့် Fast and Furious ဆိုရင်ကို ပရိသတ်တွေက အဆင်သင့်အမြဲဖြစ်နေကြပြီးသားပါ။ ဒါဆိုရင် အခု Fast 8 ကရော ဘာတွေဘယ်လိုတွေထူးခြားပြောင်းလဲလာမလဲ၊ ဘာတွေဘယ်လိုတွေ ပိုကြည့်ကောင်းပြီး ပိုမိုက်လာမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်သရုပ်ဆောင်မယ့် မင်းသားမင်းသမီးတွေ

play

 

မင်းသားချောပေါလ်ဝေါ်ကာ ဆုံးပါးသွားပြီးတဲ့နောက် အခု Fast 8 မှာတော့ Furious 7 ထဲမှာ ပါဝင်တဲ့မင်းသားမင်းသမီးအကုန်နီးပါး ပြန်လည်ပါဝင်ဦးမှာပါပဲ။ အရင်ဇာတ်ကားတွေထဲက ပါဝင်ခဲ့တဲ့ ခေါင်းဆောင်မင်းသားကြီး ဗင်ဒီဇယ်၊ ဒွိန်းဂျွန်ဆင်၊ တိုင်ရိစ်ဂစ်ဘ်ဆင်၊ လူဒခရစ်၊ ဂျေဆန်စတတ်ဟမ်နဲ့ မင်းသမီးကြီး မီရှဲရော်ဒရစ်ဂ်ဂက်ဇ် တို့အပြင် မင်းသား စကော့တ်အိစ်ဝုဒ်နဲ့ နာမည်ကြီးမင်းသမီးကြီး ချာလိဇ်သယ်ရွန်တို့ပါ ပါဝင်မှာပါ။

နမူနာဗီဒီယိုအရ ဇာတ်လမ်းသုံးသပ်ချက်

play

 

ထူးခြားတာကတော့ ဒီတစ်ခါ Fast 8 မှာ Furious 7 တုန်းက ပြဿနာအကြီးအကျယ်တက်ခဲ့ပြီး ဗီလိန်အကြီးစားဖြစ်ခဲ့တဲ့ ဒက်ကာ့ရှော (ဂျေဆန်စတတ်ဟမ်) ကလည်း ထောင်ထဲကထွက်ပြေးဖို့ကြိုးစားပါတယ်။ သူကလည်း ဗီလိန်အဖြစ်ဆက်လက်ပါဝင်မယ့်သဘောပါ။ ဒါ့အပြင် ဆိုင်ဖာအဖြစ် မင်းသမီးကြီး ချာလိဇ်သယ်ရွန်က အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အမျိုးသမီးအဖြစ် ကျန်တဲ့ဇာတ်ကောင်တွေအကုန်လုံးကို ကြိုးကိုင်ခိုင်းစေနေပုံရပြန်ပါတယ်။

လှည့်ကွက်ကြီးကြီးမားမားဖြစ်လောက်တာကတော့ ဒိုမနစ် (ဗင်ဒီဇယ်) ကလည်း ဆိုင်ဖာတို့အဖွဲ့အစည်းနဲ့ပေါင်းပြီး သူ့ရဲ့ကျန်အဖွဲ့သားတွေကို သစ္စာဖောက်ဒုက္ခပေးမယ့်သဘောပါ။ Death Race ဇာတ်ကားနဲ့ နည်းနည်းဆင်နေတဲ့ အန္တရာယ်တွေကြားကနေ ကားမောင်းပြိုင်ရင်းတိုက်ခိုက်ကြတဲ့ ဇာတ်ကွက်တစ်ချို့တော့ ပါနေပါတယ်။

သရုပ်ဆောင်မှုတွေနဲ့အထူးပြုလုပ်ချက်တွေ

play

 

Fast and Furious ဆိုမှတော့ အရင်ကားတွေလိုပဲ သရုပ်ဆောင်မှုကိုအသားပေးဖို့ထက် ကားတွေကြမ်းကြမ်းတမ်းတမ်းမောင်းကြ၊ တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြ ပစ်ကြခတ်ကြနဲ့ မူးနောက်သွားလောက်အောင် ဇာတ်ကြမ်းပါမယ်။ မင်းသမီးကြီး ချာလိဇ်သယ်ရွန်ကတော့ ဒီ Fast 8 မှာမှ Fast and Furious ဇာတ်ကားသရုပ်ဆောင်သူအဖြစ်ပါဝင်မှာဖြစ်ပေမဲ့ နဂိုကတည်းက ဗီလိန်ဇာတ်ရုပ်တွေ၊ အတိုက်အခိုက်သတ်ပုတ်ခန်းတွေမှာ ပိုင်နိုင်ထားသူမို့လို့ အပိုအလိုရှိမယ်မထင်ပါဘူး။

လူဒခရစ်နဲ့ တိုင်ရိစ်ဂစ်ဘ်ဆင် လူမည်းမင်းသားနှစ်ယောက်လုံးကလည်း ဟာသဆန်ဆန်ဇာတ်ကွက်အချို့နဲ့ ဇာတ်ကားကိုဆွဲခေါ်သွားဦးမယ့်အနေအထားပါ။ ဒွိန်းဂျွန်ဆင်ကတော့ သူ့ရဲ့ဗလကြီးကို တပြပြ လုပ်ဦးမှာပါ။ဂျေဆန်ကတော့ အသတ်အပုတ်တွေနဲ့ပဲ Fast 8 ကို ပုံဖော်သွားမယ့်အနေအထားမှာရှိပါတယ်။ အထူးပြုလုပ်ချက်တွေကတော့ အရင်ကားတွေလိုပဲ ဘာမှပြောစရာမလိုလောက်ပါဘူး။

ဘယ်နေ့ ရုံတင်မလဲ

play

 

ဒီ Fast 8 ကိုတော့ ၂၀၁၇ ဧပြီ ၁၄ရက်နေ့မှာ တရားဝင်ရုံတင်ပြသဖို့ကြေညာထားပြီး Fast and Furious 9 နဲ့ Fast and Furious 10 တို့ကိုပါ ၂၀၁၉ ဧပြီနဲ့ ၂၀၂၁ ဧပြီတို့မှာ ရုံတင်ပြသမယ်လို့ တရားဝင်ကြေညာထားပါတယ်။ Fast 8 ကတော့ ၂၀၁၇ ရဲ့ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ဦးမှာလို့ ယူဆရပြီး အမာခံပရိသတ်တွေကတော့ အခု နမူနာဗီဒီယိုနဲ့တင် ရုံတင်တဲ့ရက်ကို အမြန်ရောက်ချင်နေမှာ သေချာပါတယ်။

ှSource : Cinemablend

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ