Movie & Music: မက်ဒေမွန်ပါဝင်တဲ့ The Great Wall 3D ဇာတ်ကား

The Great Wall 3D ဇာတ်ကားရဲ့ နမူနာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

play

 

ဟောလိဝုဒ်မင်းသား မက်ဒေမွန် ပါဝင်တဲ့ အမေရိကန်-တရုတ် ရုပ်ရှင်ဇာတ်ကား The Great Wall ရဲ့ ပထမဆုံး နမူနာဟာ ဇူလိုင်လ ၂၈ ရက်မှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

play

 

အဲဒီဇာတ်ကားနမူနာထဲမှာ မက်ဒေမွန်ကို သမိုင်းဝင် ဂရိတ်ဝေါကြီးပေါ်မှာ ကြောက်မက်ဖွယ် တွားသွားသတ္တဝါကြီးတစ်ကောင်နဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ရပါတယ်။

play

 

လေးသမားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မက်ဒေမွန်ဟာ အလယ်ခေတ်စစ်တပ်ကြီးနဲ့အတူ တံတိုင်းကြီးအတွက် ကာကွယ်တိုက်ခိုက်ပေးနေခဲ့ပါတယ်။

play

 

တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ The Great Wall ဖာတ်ကားဟာ ဘာကြောင့် အကုန်အကျ အများဆုံး ဖြစ်ရတယ်ဆိုတာကို နမူနာအခန်းတွေမှာတင် မြင်တွေ့နိုင်ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ပြသနိုင်မယ်လို့ ယူဆရတဲ့ အဲဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကို ဒေါ်လာ ၁၃၅ သန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ