Movie & Music: The Hitman's Bodyguard ရုပ်ရှင်ဇာတ်ကားက ရယ်ရရဲ့လား

အဆဲအဆိုတွေ များလွန်းတဲ့ဇာတ်ကားတစ်ကားပါပဲ။

Deadpool မင်းသားချော Ryan Reynolds နဲ့ လူမည်းနာမည်ကြီးမင်းသားကြီး Samuel L.Jackson ရဲ့ ရယ်လည်းရယ်ရ၊ အပစ်အခတ်အသတ်အပုတ်တွေနဲ့ ကြည့်လို့လည်းကောင်းမယ့် Action ဟာသကားတစ်ကား ရုံတင်တော့မှာဖြစ်ပါတယ်။

play

 

ဇာတ်လမ်းကတော့ အရင်ရှိထားဖူးပြီးသားဇာတ်လမ်းတွေထဲကနေ နည်းနည်းပဲကွဲထွက်တာပါ။ Michael (Ryan Reynolds) က Interpol ရဲဘက်က အတော်ဆုံး ကိုယ်ရံတော်တပ်မှူး Bodyguard တစ်ယောက်ဖြစ်ပြီး Kincaid (Samuel L.Jackson) ကတော့ ဖမ်းဆီးခံထားရတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။

 ဖြစ်ချင်တော့ Kincaid ဟာ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ နိုင်ငံရဲ့သမ္မတကို ဖမ်းဆီးဖို့အတွက် မျက်မြင်သက်သေအဖြစ် ရဲဘက်ကနေ သက်သေထွက်ဆိုပေးဖို့ ဖြစ်လာပါတယ်။ ကြေးစားလူသတ်သမား Kincaid က အကျဉ်းထောင်နေရာကနေ သက်သေထွက်ဆိုပေးရမယ့် နေရာကို Interpol ရဲဘက်ကနေပြီး ခေါ်ဆောင်ပေးရာကနေ Kincaid ကို ကြားဖြတ်တိုက်ခိုက်တဲ့သူတွေပေါ်လာပါတယ်။ အဲ့ဒီ့မှာပဲ Michael ရဲ့ ရည်းစားဟောင်းဖြစ်သူ ရဲမေ Amelia ကနေပြီး Michael ကို ဆက်သွယ်ကာ Kincaid ကို Bodyguard ပြန်လုပ်ပေးဖို့ အကူအညီတောင်းရပါတော့တယ်။

play

 

နဂိုတည်းက ရန်ငြိုးရန်စဟောင်းတွေရှိနေတဲ့ Michael နဲ့ Kincaid ဟာ ခရီးလမ်းတစ်လျှောက် ဆဲဆိုပြီးအချင်းချင်းရန်ဖြစ်တာတွေ၊ ပေါက်ကရလေးဆယ်လုပ်တာတွေနဲ့ မင်းသားကြီးနှစ်ဦးရဲ့ဟာသခန်းတွေကိုမြင်ရမှာပါ။ ဇာတ်လမ်းက ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ရဲဘက်နဲ့ရာဇ၀တ်ကောင်တွေကြားက ဇာတ်ခန်းတွေနဲ့ပဲ အစအဆုံးပြီးသွားပါမယ်။

ထုံးစံအတိုင်း ဟာသကိုမျက်နှာတည်နဲ့သရုပ်ဆောင်တာတော်တဲ့ Ryan Reynolds ရော Samuel L.Jackson ရောဟာ ဒီဇာတ်ကားကိုလည်း ပေါ့ပေါ့ပါးပါးပဲ သရုပ်ဆောင်သွားနိုင်တယ်ဆိုရမှာပါ။ Gods of Egypt မှာ Goddess of Love အနေနဲ့သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့ မင်းသမီး Élodie Yung က ဒီဇာတ်ကားထဲမှာ Ryan Reynolds ရဲ့ ရည်းစားဟောင်းအနေနဲ့ပါဝင်ပါတယ်။

play

 

ရယ်ရတယ်လို့ပြောလို့လည်းရပေမယ့် Action ဇာတ်လမ်းနဲ့နွယ်နေတော့ ထင်သလောက်ကြီးတော့ ဟာသခန်းတွေပြည့်နှက်နေတာမဟုတ်ပါဘူး။ ပရိသတ်တွေစိတ်ကျေနပ်မှာ သေချာတဲ့ဇာတ်ကားလို့ အာမခံလို့မရပေမယ့် ပရိသတ်ကို ပျော်ရွှင်မှုလေးတွေ ပေးနိုင်တဲ့ အက်ရှင်ဟာသဇာတ်ကားကောင်းတွေထဲက တစ်ကားလို့တော့ ပြောလို့ရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ