Movie & Music: တွမ်ခရုဇ်ရဲ့ ဇာတ်ကားသစ် The Mummy နမူနာဗီဒီယိုထွက်ရှိ

ယခင်ရိုက်ကူးခဲ့တဲ့ The Mummy ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေ ကွဲပြားမလဲဆိုတာကိုတော့ ဇွန်လ ၉ ရက်နေ့ ရုံတင်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။

 

မင်းသားကြီးတွမ်ခရုဇ် ခေါင်းဆောင်ပါဝင်တဲ့ The Mummy ဇာတ်ကားရဲ့ နမူနာဗီဒီယိုကို Universal Pictures က စတင်ပြသလိုက်ပါပြီ။ ခေတ်အဆက်ဆက် ပြန်လည်ရိုက်ကူးခဲ့ကြတဲ့ The Mummy ဇာတ်ကားဟာ တွမ်ခရုဇ်လက်ထက်မှာတော့ အက်ရှင်ခန်းတွေ ပိုများလာမလားဆိုတာ နမူနာဗီဒီယိုကိုကြည့်ပြီး ခန့်မှန်းလို့ရနိုင်ပါတယ်။

play

 

ရှေးဟောင်းမံမီရုပ်တစ်ခုကို တင်ဆောင်လာတဲ့ စစ်ဘက်လေယာဉ်တစ်စီးပေါ်မှာ တွမ်ခရုဇ်နဲ့ အန်နာဘဲလ်ဝေါလစ်တို့ လိုက်ပါလာပြီး လေယာဉ်ဟာ ထင်မှတ်မထားတဲ့ အန္တရာယ်နဲ့ကြုံရကာ ပျက်ကျသွားပုံနဲ့ အစပျိုးထားပါတယ်။ လေယာဉ်ပေါ်က ပြုတ်ကျသွားတဲ့ တွမ်ခရုဇ်က သတိပြန်ရလာချိန်မှာတော့ အလောင်းတွေကြားထဲကိုရောက်နေပါတယ်။

play

အဲဒီနောက်မှာတော့ ပြန်လည်အသက်ဝင်လာတဲ့ အီဂျစ်မင်းသမီးတစ်ပါးရဲ့ အဖျက်စွမ်းအားတွေဘေးက ပြေးလွှားရပုံတွေကိုလည်း ပြသထားပါတယ်။ ယခင်ရိုက်ကူးခဲ့တဲ့ The Mummy ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေ ကွဲပြားမလဲဆိုတာကိုတော့ ဇွန်လ ၉ ရက်နေ့ ရုံတင်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။ ခေတ်သစ် The Mummy မှာတော့ တွမ်ခရုဇ်၊ ဆိုဖီယာဘော့တဲလား၊ အန်နာဘဲလ် ဝေါလစ်၊ ရပ်ဆဲလ်ခရိုးနဲ့ ဂျိတ်ခ်ဂျွန်ဆန်တို့ ပါဝင်ထားကြပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ