Movie & Music: The Shallows ဇာတ်ကားထဲမှာ ငါးမန်းအစစ်တွေနဲ့ သရုပ်ဆောင်ထားတဲ့ ဘလိတ်ခ်လိုက်ဗလီ

၂၀၁၆ ခုနှစ် ဇွန်လ ကုန်ခါနီးက အမေရိကမှာ ပြသခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

play

 

The Shallows ဇာတ်ကားဟာ ငါးမန်းနဲ့ ထိပ်တိုက်ကြုံတွေ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

play

 

သဲဖြူတွေနဲ့ လှပတဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ ရေလွှာလျှောစီးနေပုံကို ရေပေါ်ရေအောက် ရိုက်ကူးပြသွားတဲ့ The Shallows ဇာတ်ကားဟာ ကြည့်လို့လည်းကောင်းသလို ငါးမန်းရန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘလိတ်ခ်လိုက်ဗလီအဖြစ်ကလည်း ရင်တထိတ်ထိတ်နဲ့ ဖြစ်ရပါတယ်။

play

 

အဲဒီဇာတ်ကားအတွက် ငါးမန်းဖြူအစစ်တွေကို သုံးထားတယ်လို့ သိရပြီး Deadpool မင်းသား ရိုင်ယန်ရေးနိုးရဲ့ ဇနီး အာဂသတ္တိခဲမလေး ဘလိတ်ခ်လိုက်ဗလီဟာ ငါးမန်းတွေကို ကြောက်ရွံ့မနေဘူးလို့ ဆိုပါတယ်။

အစပိုင်းမှာ ငါးမန်းတွေရှိတဲ့ ရေထဲကို ခုန်ဆင်းဖို့ တွန့်ဆုတ်နေခဲ့တဲ့ ဘလိတ်ခ်ဟာ ရေထဲကို ပထမဆုံးအကြိမ် ခုန်ဆင်းပြီးနောက် သူမရဲ့အကြောက်တရားကို ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

"အဲဒီအချိန်မှာ ကြောက်မနေဘူး။ အေးချမ်းနေတယ်။ အဲဒီကောင်ကြီးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတာ။ အရင်က ကျွန်မက ငမန်းဖြူကြီးတွေကို ကြောက်ခဲ့တာ။ ဒါပေမဲ့ ရေထဲမှာ သူတို့နဲ့အတူ ရှိနေချိန်မှာ၊ သူတို့ကျက်စားတဲ့နေရာမှာ ရှိနေရချိန်မှာ သူတို့ဟာ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတွေနဲ့ မတူတော့ဘူး။ သူတို့ဟာ လှပ၊ ငြိမ်းချမ်းပြီး တည်ငြိမ်နေတယ်" လို့ ဘလိတ်ခ်က ပြောပြခဲ့ပါတယ်။

play

ဇွန်လ နောက်ဆုံးပတ်က အမေရိကမှာ စတင်ပြသခဲ့တဲ့ The Shallows ဇာတ်ကားကို ကမ္ဘာတစ်လွှားက ရုပ်ရှင်ရုံတွေမှာ ပြသနေပြီဖြစ်ပါတယ်။

Source & Photos : hindustantimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ