Thirty Seconds to Mars တို့ဆီက အသံမကြားရတာ နည်းနည်းတောင်ကြာသွားပါပြီ။ သရုပ်ဆောင်လည်းကောင်းတဲ့ ဂျာရတ်လီတိုရဲ့ ရုပ်ရှင်အလုပ်တွေကြောင့်လည်း ပါပါတယ်။
သြဂုတ် ၁ ရက်နေ့ကတော့ Thirty Seconds to Mars တို့ဟာ ၂၀၁၇ထဲ ခွေသစ်ထွက်တော့မယ့်အကြောင်း သူတို့ရဲ့ ဗီဒီယို အတိုလေးတစ်ခုနဲ့ ကြေငြာခဲ့ပါတယ်။ အီလက်ထရောနစ်ဘိထ်နဲ့ အရှေ့အလယ်ပိုင်းဂီတတွေရဲ့ ဆွဲငင်တဲ့အသံမျိုးထွက်လာပြီး ခွေသစ်အတွက် သဲကန္တာရထဲကို Thirty Seconds to Mars တို့ ရောက်ရှိနေတာကို ဗီဒီယိုမှာ ပြသထားပါတယ်။ မကြာသေးခင်က Rolling Stone မဂ္ဂဇင်းကြီးမှာ သူတို့ရဲ့ခွေသစ်အကြောင်း လီတိုက ဆွေးနွေးထားသေးတာကြောင့် ခွေသစ်ကတော့ သေချာနေပါပြီ။
EMI တေးသံသွင်းကုမ္ပဏီကြီးနဲ့ ဥပဒေကြောင်းအရ ပြဿ နာတက်ပြီးနောက်ပိုင်း ဒီခွေမှာတော့ Interscope တေးသံသွင်းကုမ္ပဏီကြီးနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
Photos & Source: Loudwire, billboard