AD
AD
AD

ရွှေအိုရောင်ဆံရှည်တစ်ဝဲ၀ဲနဲ့ တိုက်လိုက်ခိုက်လိုက်သတ်လိုက်ဖြတ်လိုက်လုပ်နေတဲ့ Thor ကို ဒီ Ragnarok မှာတော့ အမြင်နည်းနည်းပြောင်းပြီးတွေ့ရမှာတော့အမှန်ပါ။ ဒါပေမယ့် အရင်ကားတွေထက် ဇာတ်လမ်းပေါ့ပြီးကြည့်မကောင်းဘူးဖြစ်နေမှာတော့လည်း သင်စိုးရိမ်စရာမလိုပါဘူး။

play

 

ဇာတ်လမ်းအစမှာတော့ Thor ဟာ Infinity Stone ကိုရှာရင်း ကံမကောင်းစွာနဲ့ မီးနတ်ဆိုး Surtur ဆီမှာအဖမ်းခံနေရတာကစပါမယ်။ အဲ့ဒီ့နောက်မှာတော့ Thor က သူ့နေရပ် Asgard ကိုပြန်ရောက်လာပြီးမှ သူ့ဖခင်စစ်နတ်ဘုရား Odin ရှိမနေတော့ရာကနေ အရှုပ်ထုပ်နဲ့ပြဿနာတွေ အစပြုမှာပါ။

ဒီဇာတ်လမ်းမှာ ဇာတ်ကားကို Thor လို့တပ်ထားပေမယ့် Marvel ရဲ့ တခြား Superhero တွေကိုလည်း စိတ်ကျေနပ်ရလောက်တဲ့အထိကို တွေ့မြင်ရမှာပါ။ Doctor Strange က အခန်းနည်းနည်းပဲပါခဲ့ပေမယ့် Hulk ကတော့ ဒီဇာတ်လမ်းရဲ့ ၃ပုံ၂ပုံ လောက်ကိုကို နေရာယူပါဝင်ပြီး ကြည့်ကောင်းအောင်ကူညီခဲ့တယ်ဆိုရမှာပါပဲ။ Thor ရဲ့ညီ Loki ကလည်း လူဆိုးမဟုတ်တော့ဘူးလို့ဆိုရမယ့်အပြင် ဇာတ်ကားတစ်ကားလုံးသူ့အခန်းနဲ့သူ အံဝင်ခွင်ကျပါဝင်ထားပါတယ်။

play

 

အဓိကဗီလိန်ကြီးဖြစ်တဲ့ Odin ရဲ့သမီး Thor ရဲ့အစ်မဖြစ်သူ Hela ကလည်း ကြောက်ခမန်းလိလိပါဝါတွေနဲ့ Asgard ကိုရောက်လာပြီးတိုက်ခိုက်မှာပါ။ ဘယ်သူမှမတောင်မမနိုင်တဲ့ Thor ရဲ့တူကြီးကို လက်တစ်ဖက်တည်းနဲ့ချေမွပစ်လိုက်တဲ့ Hela ရဲ့ အစွမ်းတွေကတော့ ကြည့်ရင်းနဲ့ပိုသိလာပါလိမ့်မယ်။ Thor ရဲ့ တိုက်ခိုက်ခန်းတွေကတော့ ဂိမ်းဆန်ဆန်မြင်ကွင်းမျိုးတွေရောယှက်ထားသလားပါပဲ။

Thor: Ragnarok ဟာ Thor တို့ရဲ့ Asgard အရှုပ်တော်ပုံကိစ္စဇာတ်လမ်းစစ်စစ်က ၅၀ရာခိုင်နှုန်းလောက်ပဲမျက်မြင်မြင်ရသလိုလိုဖြစ်နေပြီး ကျန်တဲ့အပိုင်းတွေကတော့ Guardians of The Galaxy ဆန်တယ်ပဲပြောရမလား၊ The Avengers အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ Thor ကို The Avengers အမြင်ပျောက်မသွားအောင် အငွေ့အသက်တွေထည့်ထားပဲဆိုရမလားပါပဲ။ သေချာတာတော့ လူ့ကမ္ဘာဂြိုလ်နဲ့ပတ်သက်တဲ့အခန်းလုံးဝနီးပါးမပါတာတော့ သိထားရပါမယ်။ သင်ထင်မထားတဲ့အရာတစ်ချို့နဲ့ Thor က ဘယ်လိုတွေပိုစွမ်းလာလည်းဆိုတာတော့ ဇာတ်လမ်းတစ်ဝက်ကျော်ကျော်မှာ စတင်သိခွင့်ရမှာပါ။

ဖြစ်ချင်တော့ ဇာတ်အိမ်ကောင်းနေပြီးသားကိုမှ ဟာသကွက်တွေက မရိုးရအောင်ပါနေတော့ ကြည့်တဲ့သူမပျင်းအောင် တစ်ကားလုံးပြီးတဲ့အထိဆွဲခေါ်သွားနိုင်တယ်ပဲ ဆိုရမှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD