တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိရုံတင်ပြသနေတဲ့ Train to Busan ကို ကြည့်ရှုသူများပြားပြီး စံချိန်တင်ဝင်ငွေ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
Train to Busan ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရုပ်ရှင်ရုံပေါင်း ၁၇၈၅ ရုံမှာ စတင်ပြသခဲ့တာဖြစ်ပြီး ပထဆုံးစပြတဲ့ ငါးရက်အတွင်းမှာပဲ ဒေါ်လာ ၃၄.၃ သန်း ရခဲ့တာက အထင်ကြီးလောက်တဲ့ ပမာဏပါ။ လက်မှတ်ပေါင်း ၄.၇၅ သန်းကို ရောင်းချရာကနေ ယင်းပမာဏ ဝင်ငွေရခဲ့တာဖြစ်ပါတယ်။
ဇာတ်ကားကတော့ ထိတ်လန့်ခြောက်ခြားစရာ ဖုတ်ကောင်တွေအကြောင်းရိုက်ထားတာပါ။ ဘူဆန်မြို့ကိုသွားမယ့် ရထားတစ်စီးပေါ်ကို ဖုတ်ကောင်အကိုက်ခံထားရသူတစ်ဦး ရောက်လာပြီးနောက်မှာ သွေးပျက်ထိတ်လန့်ဖွယ်ရာတွေ ဖြစ်လာခဲ့ပါတယ်။ တစ်ယောက်ပြီးတစ်ယောက် ဖုတ်ကောင်အသွင်ပြောင်းသွားပြီးနောက်မှာ အသက်ရှင်သန်ဖို့အတွက် ကြိုးစားရပုံတွေကို နာမည်ကျော်မင်းသား ဂေါင်ယူးက သရုပ်ဆောင်ထားပါတယ်။
Source : Varity