Movie & Music: Train to Busan ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ဖို့ သဘောတူညီမှုရ

ကြောက်စရာလည်းကောင်းသလို သနားစရာလည်းကောင်းတဲ့ Zombie ကားကောင်းတစ်ကား ဖြစ်ပါတယ်။

play

 

အာရှမှာ အကြီးအကျယ်အောင်မြင်ခဲ့သလို အမေရိကအထိပါ ရိုက်ခတ်သွားခဲ့တဲ့ Train to Busan ဇာတ်ကားရဲ့ အောင်မြင်မှုဟာ ဟောလိဝုဒ်ရုပ်ရှင်အဖြစ်နဲ့ ပြန်ပြီးမြင်ရဦးမှာပါ။ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေး စတူဒီယိုကြီးတစ်ခုဖြစ်တဲ့ Gaumont က Train to Busan ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ဖို့ မူလထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီးပြီလို့ သိရပါတယ်။

play

 

" အခြားနိုင်ငံတွေကနေ စတူဒီယိုပေါင်းများစွာက ပြန်ရိုက်ဖို့စာချုပ်ချုပ်ဖို့အတွက် လာတောင်းဆိုခဲ့ကြပေမဲ့ ကျွန်တော်တို့က Gaumont နဲ့ အပြီးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်" လို့ Train to Busan ကို ထုတ်လုပ်ခဲ့တဲ့ NEW ကုမ္ပဏီဘက်က ဆိုပါတယ်။ အမေရိကန်ပရိသတ်တွေ သဘောကျလာအောင် အကောင်းဆုံးလုပ်ဆောင်သွားပါ့မယ်လို့လည်း ပြင်သစ်ရုပ်ရှင်ထုတ်လုပ်ရေး Gaumont ဘက်က ပြောပါတယ်။ ဒီရုပ်ရှင်ကားကို ကန်န် (Cannes) ရုပ်ရှင်ပွဲတော်မှာ ပြသစဉ်ကတည်းက သဘောကျခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source : Yonhap

ဒီဇာတ်ကားကို ကြည့်ဖူးပါသလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ