Movie & Music: Transformers 5 က ထူးခြားရမယ်လို့ ကတိပေးလိုက်တဲ့ မာ့ခ်ဝါးလ်ဘာ့ဂ်

ပရိသတ်အတွက် အသစ်တွေပါဝင်တယ်လို့လည်း ဆိုခဲ့ပါတယ်။

play

 

Transformers 5: The Last Knight ဇာတ်ကားဟာ ပရိသတ်တွေအတွက် အသစ်တွေနဲ့ ထူးခြားမှုတွေ ယူဆောင်လာပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ ပရိသတ် သဘောကြရမှာပါလို့ မာ့ခ်ဝါးလ်ဘာ့ဂ်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

play

 

မကြာခင်ထွက်ရှိမယ့် Transformers ကားထဲမှာ ဒိုင်နိုဘော့ စက်ရုပ်အသေးစားလေးတွေ ပါဝင်မယ်လို့ ကြေညာခဲ့ပြီး သူပြောတာတွေ အရမ်းများနေပြီး မာ့ခ်က ဆိုခဲ့ပေမဲ့ ပရိသတ်ကတော့ နောက်ထပ် ဘာထူးခြားတာတွေ ပါဦးမလဲ သိချင်နေကြပါတယ်။

play

 

ဒါရိုက်တာ မိုက်ကယ်ဘေးဟာ ပရိသတ်ကို မရိုမသေလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း မာ့ခ်က ပြောကြားခဲ့ပြီး Transformer ရုပ်ရှင်တွေကို ဆက်မရိုက်တော့ဘူးလို့ မိုက်ကယ်ကပြောရင်တော့ ဘယ်သူမှ မယုံကြည်ဖို့လည်း မှာကြားလိုက်ပါတယ်။

Transformers 5: The Last Knight ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်မှာ ရုံတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ