Movie & Music: "TT & DONUT" ရုပ်ရှင်အထူးပွဲသို့ တက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်များ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Pragon Cineplex မှာ ပြသတာ ဖြစ်ပါတယ်။

play

 

ထိုင်းအနုပညာရှင်များစွာနဲ့ မြန်မာနိုင်ငံမှာ မင်းသား ပြေတီဦး၊ ရွှေသမီးတို့ ပါဝင်ထားတဲ့ "TT & DONUT" ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ(၂၁)ရက်နေ့ ညနေမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Pragon Cineplex မှာ ရုံတင်ပြသခဲ့ပါတယ်။

play

 

အဲ့ဒီ အထူးပွဲသို့ မြန်မာနိုင်ငံမှ အနုပညာရှင်များနဲ့ ဒါရိုက်များလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

play

နိုင်ငံခြားမှာ မြန်မာဇာတ်ကားကို ခမ်းခမ်းနားနားနဲ့ အထူးပွဲ ပြသတာတွေကိုကြည့်ပြီး သွားရောက်ခဲ့တဲ့ မြန်မာအနုပညာရှင်များထဲမှ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကတော့ ကြည်နူးမဆုံး ဖြစ်လို့နေပါတယ်။

play

 

"TT & Donut press Show.မြန်မာဇာတ်ကားကို အဲလိုပြည်ပရုံတွေမှာတင်နေတာ မြင်ရတဲ့ မြင်ကွင်းလောက် ကျက်သရေပြည့်စုံတာမရှိဘူး။ ခံစားရတယ်" လို့ ဦးမျိုးက ရေးသားထားပါတယ်။

play

 

"TT & DONUT" ထဲမှာ ပါဝင်ထားတဲ့ ပြေတီဦးကိုယ်တိုင်လည်း ကြည်နူးမဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

Photo : ဦးမျိုးမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ