Movie & Music: Uptown Funk သီချင်းက ကူးချထားတာဖြစ်လို့ ဘရူနိုမားစ်တရားစွဲခံရ

ဘရူနိုနဲ့ ရွန်ဆန်တို့ဘက်ကတော့ ဘာမှမတုံ့ပြန်ကြသေးပါဘူး။

play

 

ဘရူနိုမားစ်နဲ့ မာ့ရွန်ဆန်တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ Uptown Funk သီချင်းဟာ ကူးချထားတာဖြစ်ကြောင်း Collage အဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

play

 

၁၉၈၃ ခုနှစ်မှာ သီဆိုခဲ့တဲ့ မိမိတို့ရဲ့ Yong Girls သီချင်းရဲ့ တစ်စိတ်တစ်ပိုင်းကို Uptown Funk က ကူးခဲ့တယ်လို့ ဆိုပါတယ်။ တရားစွဲခံရတဲ့အထဲမှာ ဆိုနီကုမ္ပဏီနဲ့ Atlantic Record တို့အပြင် လူပေါင်းများစွာလည်း ပါဝင်ပါသေးတယ်။ သီချင်းအားလုံး အတိအကျ ကူးချထားတာမဟုတ်ပေမဲ့ ဘေ့စ်နုတ်၊ တေးသွားစီစဉ်ပုံ၊ ရမ်သမ်၊ တည်ဆောက်ပုံနဲ့ ဟွန်းသံတွေက အဓိက ခိုးချထားတယ်လို့ Collage က ဆိုပါတယ်။

play

 

Uptown Funk ဟာ ကူးချထားတာဖြစ်ကြောင်း စွပ်စွဲခံရတာ ဒါနဲ့ဆို ဒုတိယအကြိမ် ရှိသွားပါပြီ။ မေလတုန်းကလည်း The Gap အဖွဲ့က ယင်းတို့ ၁၉၇၉ ခုနှစ်မှာဆိုခဲ့တဲ့ Oops Upside Your Head ကို ကူးချခဲ့တယ်လို့ စွပ်စွဲတာခံရခဲ့ရပါသေးတယ်။ Uptwon Funk ကတော့ ဒီနှစ်ဂရမ်မီဆုပေးပွဲမှာ ဆုတောင် ရခဲ့သေးတာပါ။

Source : Sky

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ