Movie & Music: V Festival မှာ အသားကပ်ဝတ်စုံတွေနဲ့ ခပ်မိုက်မိုက်ဖျော်ဖြေခဲ့တဲ့ Little Mix

ခါတိုင်းထက်တောင် ဟော့နေကြပါသေးတယ်။

play

 

Little Mix အဖွဲ့ဟာ သြဂုတ်လ ၂၀ ရက်နေ့  က V Festival မှာ အသားကပ်ဝတ်စုံတွေကို ဒေါက်မြင့်ဘွတ်ဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ဆက်စီကျကျ ဖျော်ဖြေခဲ့ပါတယ်။

play
Jade Thirlwall

 

စတန်းဖို့ဒ်ရှိုင်းယား၊ Weston Park စတိတ်စင်ပေါ်မှာ သူတို့လေးယောက်အဖွဲ့ဟာ မီးကုန်ယမ်းကုန် အပြိုင်ကျဲလို့ သူတို့ရဲ့ ဂီတနဲ့ အကစွမ်းရည်ကို ပြသခဲ့ကြပါတယ်။

play
Jesy Nelson

 

လေးယောက်စလုံးဟာ စင်ပေါ်တက်လာကတည်းက စိတ်ဓာတ်တက်ကြွနေပုံရပြီး အင်အားအပြည့်နဲ့ ကခုန်လှုပ်ရှားနေခဲ့ကြပါတယ်။

play
Leigh-Anne Pinnock

 

V Festival မှာ ဖျော်ဖြေတဲ့ မိန်းကလေးတွေအားလုံးဟာ ဆက်စီကျကျ ဖျော်ဖြေမယ်လို့ စိတ်ကူးတူနေကြပုံရပါတယ်။ အဲဒီညမှာပဲ စင်ပေါ်တက်လာတဲ့ ရီဟားနားကလည်း ဆက်စီကျတဲ့ ဝတ်စုံဝတ်လို့ အလန်းစား ဖျော်ဖြေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

play
Perrie Edwards

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ