Movie & Music: Vampire Diaries ဇာတ်လမ်းတွဲ စီးရီး ၈ တွင် ဇာတ်သိမ်းမည်

ထုတ်လုပ်ရေးကုမ္ပဏီက အတည်ပြု ပြောကြားလိုက်ပါပြီ။

play

 

Vampire Diaries ဟာ စီးရီး ၈ မှာ အဆုံးသတ်မယ်ဆိုတဲ့ သတင်းက ပရိသတ်များအတွက် စိတ်မကောင်းစရာ သတင်းပါပဲ။

အဓိကဇာတ်ဆောင်များဖြစ်တဲ့ အီရန်ဆွန်မာဟယ်ဒါနဲ့ ကက်ဂရက်ဟမ်တို့က ဒီဇာတ်လမ်းတွဲ ပြီးတော့မယ်လို့ အရိပ်အမြွက်ပြောကြားပြီးနောက်မှာတော့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ San Diego Comic-Con က အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

"ကျွန်မတို့အားလုံး ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒါဟာ နောက်ဆုံးဇာတ်လမ်းတွဲ ဖြစ်ပါလိမ့်မယ်" ပွဲစီစဉ်သူ ဂျူလီပလက်က ပြောကြားခဲ့ပါတယ်။

play

 

ဗာဂျီးနီယားပြည်နယ်က Mystic Falls ဆိုတဲ့ ပုံပြင်ဆန်ဆန်မြို့လေးက ထွက်ပေါ်လာတဲ့ သဘာဝလွန်အစွမ်းတွေနဲ့ လူသားတွေအကြောင်း ရိုက်ကူးထားတဲ့ Vampire Diaries ရုပ်သံဇာတ်လမ်းတွဲကို ၂၀၀၉ ခုနှစ်က စတင်ပြသခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ