Movie & Music: မီရန်ဒါလမ်းဘတ်ရဲ့ သီချင်းဗီဒီယိုသစ် Vice

သူမရဲ့အိမ်ထောင်ရေးကို သရုပ်ဖော်ထားသလိုပါပဲ။

play

 

တေးရေးတေးဆို မီရန်ဒါလမ်းဘတ်ရဲ့ သီချင်းဗီဒီယိုသစ်တစ်ပုဒ် စက်တင်ဘာ ၇ ရက်မှာ ထွက်ရှိလာပါတယ်။ မကြာခင်ကမှ ပရိသတ်ရှေ့ကိုချပြခဲ့တဲ့ Vice အမည်ရှိ စင်ဂဲလ်သီချင်းရဲ့ ဗီဒီယိုပါ။

play

 

တက္ကဆက်ပြည်နယ်က သူမရဲ့မွေးရပ်မြို့ Smithville မှာ သွားရောက်ရိုက်ကူးထားတာပါ။ ကားပျက်ရင်း မြို့ထဲကိုရောက်သွားတော့ ပျင်းရိဖွယ်မြို့ထဲကိုရောက်သွားတာတွေ၊ ဝီစကီတွေသောက်ဖြစ်တာတွေ၊ လူတစ်ယောက်နဲ့ ကြိုက်တော့မလိုဖြစ်ပြီး ချက်ခြင်းပဲစိတ်ပျက်သွားတာတွေက သူမရဲ့အိမ်ထောင်ရေးကို သရုပ်ဖော်ထားသလိုပါပဲ။

play

 

မီရန်ဒါလမ်းဘတ်ဟာ အဆိုတော်ဘလိတ်ခ်ရှယ်လ်တန်နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ယမန်နှစ်ကမှ လမ်းခွဲပြတ်စဲလိုက်ကြတာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ