Movie & Music: VMA ဆု လျာထားစာရင်းမှာ ဒေးဗစ်ဘိုဝီကို ဆုလေးဆုအတွက်ထည့်သွင်းဖော်ပြလာ

ယခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်သွားခဲ့ပြီးပါပြီ။

play

 

ကွယ်လွန်သူဂန္ထဝင်အဆိုတော် ဒေးဗစ်ဘိုဝီရဲ့အမည်ဟာ ၂၀၁၆ ခုနှစ် MTV Video Music Awards ဆုပေးပွဲ လျာထားစာရင်းမှာ လေးကြိမ်တိုင် ပါဝင်လာပါတယ်။ ဘိုဝီရဲ့ Blackstar သီချင်းဟာ  Best Art Direction ဆုအတွက် လျာထားခံရပြီး Lazarus သီချင်းကတော့ Best Direction, Best Cinematography နဲ့ Best Editing ဆုလေးဆုအတွက် လျာထားခံရတာပဲ ဖြစ်ပါတယ်။

သီချင်းနှစ်ပုဒ်လုံးဟာ ဘိုဝီရဲ့နောက်ဆုံးအယ်လ်ဘမ် Life on Mars ထဲက ဖြစ်ပါတယ်။ Blackstar သီချင်းကို ဒေးဗစ်ဘိုဝီ မကွယ်လွန်မီ နှစ်ရက်အလိုက ဖြန့်ချိခဲ့တာပါ။ Lazarus သီချင်းဟာလည်း ဘိုဝီကွယ်လွန်သွားသည့်တိုင်အောင် YouTube မှာ ကြိမ်ရေသန်းပေါင်းများစွာ ကြည့်ရှုခံရတဲ့ သီချင်းကောင်းတစ်ပုဒ်ပါပဲ။

play

 

ဒေးဗစ်ဘိုဝီဟာ ယခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာတော့ အသက် ၆၉ နှစ်ရှိပါပြီ။ ဂီတလောကရဲ့ အကြီးမားဆုံး ဆုံးရှုံးနစ်နာမှုတွေထဲက တစ်ခုအဖြစ်နဲ့ အနုပညာရှင်တွေက လွမ်းဆွတ်တသစွာ ကြေကွဲမှုကိုဖော်ပြခဲ့ကြပါတယ်။

Source : Daily Mail

Blackstar MTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ