Movie & Music: VMA ဆန်ခါတင်စာရင်းမှာ တေလာဆွစ်မပါဝင်ခဲ့

ကယ်ဗင်ဟားရစ်နဲ့ ကာညေးဝက်စ်တို့ကတော့ ဆန်ခါတင်စာရင်းမှာ နှစ်ကြိမ်စီ ပါဝင်နေပါတယ်။

play

 

တေလာဆွစ်ဟာ မနှစ်က Bad Blood သီချင်းနဲ့ ဆန်ခါတင်စာရင်းမှာ ဆု ၁၀ ဆုအတွက်တောင် ပါဝင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ သီချင်းဗီဒီယို ၃ ပုဒ် ထုတ်ထားတာတောင် ဆန်ခါတင်စာရင်းမှာ တစ်ခုမှ မဝင်ခဲ့ပါဘူး။

play

 

ပိုဆိုးတာက သူမရဲ့ ရန်သူ ကာညေးဝက်စ်က သူမရဲ့ ကိုယ်လုံးတီးဖယောင်းရုပ်တုပါတဲ့ ဗီဒီယိုနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကယ်ဗင်ဟားရစ်ကလည်း သူမရေးပေးတဲ့သီချင်းနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့ပြန်ပါတယ်။

play

 

ကာညေးဝက်စ်ရဲ့ Famous ဗီဒီယိုဟာ တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဆုနဲ့ အကောင်းဆုံး အမျိုးသားဗီဒီယိုဆုတို့အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်ပြီး ကယ်ဗင်ဟားရစ်ကတော့ This Is What You Came For သီချင်းနဲ့ အကောင်းဆုံး အမျိုးသားဗီဒီယိုဆုနဲ့ အကောင်းဆုံး ပူးတွဲဆုအတွက် လျာထားခြင်းခံထားရပါတယ်။

play
ကယ်ဗင်ဟားရစ်နဲ့ ရီဟားနားရဲ့ This Is What You Came For

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ