Movie & Music: WINNER အဖွဲ့မှ နမ်ထယ်ဟွန်းထွက်ခွာ

ငယ်စဉ်တည်းက ကျန်းမာရေးချူချာခဲ့သူပါ။

play

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ WINNER ရဲ့ အဖွဲ့ဝင် နမ်ထယ်ဟွန်းဟာ အဖွဲ့ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အေဂျင်စီက ကြေညာလိုက်ပါတယ်။ မရည်ရွယ်ဘဲ ထွက်ခွာသွားရခြင်းဖြစ်တာကြောင့် အဖွဲ့ဟာ ကျန်လေးဦးနဲ့ပဲ ရှေ့ဆက်ရတော့မှာပါ။

play

 

WINNER အဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ YG Entertainment က တည်ထောင်ပေးခဲ့တာဖြစ်ပြီး ထယ်ဟွန်းရဲ့ကျန်းမာရေးအခြေအနေကြောင့် ထွက်ခွာစေခဲ့တာဖြစ်တယ်လို့ အေဂျင်စီဘက်က ဆိုပါတယ်။ ထယ်ဟွန်းဟာ ငယ်စဉ်တည်းက ကျန်းမာရေးချူချာခဲ့တာလို့လည်း သိရပါတယ်။ ထယ်ဟွန်းနဲ့အေဂျင်စီကြား ချုပ်ဆိုထားတဲ့စာချုပ်ကလည်း နိုဝင်ဘာ ၁၈ ရက်ကတည်းက ကုန်ဆုံးခဲ့ပြီဖြစ်လို့ ထပ်မံစာချုပ်မချုပ်တော့ဘဲ အဖွဲ့ကနေ ထွက်ခွာလိုက်တာဖြစ်ပါတယ်။

Source : Kpopfighting

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ