မင်းသားကြီး ဟုဂျက်မန်းရဲ့ Wolverine ဇာတ်ကားသစ်ဟာ Logan အမည်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Logan ရဲ့ ပထမဆုံး နမူနာဗီဒီယိုကို 20 Century Fox က အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပါပြီ။
ဇာတ်မြှုပ်နေတဲ့ Logan ဟာ သူနဲ့ပုံစံချင်း တူညီနေတဲ့ ကလေးမလေးကို ကယ်တင်ဖို့အတွက် တစ်ကျော့ပြန်လှုပ်ရှားရပါတော့တယ်။ Wolverine ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေက အမြဲတမ်းပါဝင်နေမှာဖြစ်ပေမဲ့ ဒီတစ်ကားမှာတော့ ကလေးငယ်တစ်ဦးနဲ့ Logan ရဲ့ကြားက သံယောဇဉ်အနှောင်အဖွဲ့ကိုပါ ရိုက်ပြထားတာကို တွေ့ရပါတယ်။
Logan ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။
Source : YouTube