Movie & Music: Wonder Woman ရဲ့ ပထမဆုံးနမူနာ ထွက်ရှိ

ဂဲလ်ဂဒေါ့ရဲ့ အတိုက်အခိုက်စွမ်းရည်ကို မြင်တွေ့ရပါတယ်။

play

 

Wonder Woman ဇာတ်ကားဟာ ဘယ်လိုပုံစံထွက်လာမလဲဆိုတဲ့ စောင့်မျှော်နေရတဲ့အချိန်တွေ လွန်မြောက်သွားပါပြီ။ San Diego Comic-Con ပထမဆုံး တရားဝင်နမူနာကို ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။

နှစ်မိနစ်ခွဲကြာတဲ့ နမူနာထဲမှာ ဇာတ်ဝင်ခန်းအတော်များများရဲ့နမူနာ အခန်းတိုလေးတွေ ထည့်သွင်း ပြသထားတာကို မြင်တွေ့ရပါတယ်။

ပထမကမ္ဘာစစ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်ထဲမှာ သူရဲကောင်းမလေးက စိတ်ကို အပြည့်အဝနှစ်လို့ အစွမ်းကုန် ကြိုးစားထားတာကို မြင်တွေ့ရပြီး သူမ ပထမဆုံး မြင်တွေ့ရတဲ့ အမျိုးသား စတိဗ်ထရီဗာအဖြစ် သရုပ်ဆောင်ထားတဲ့ ခေါင်းဆောင်မင်းသား ခရစ္စပိုင်ကိုလည်း မိတ်ဆက်ထားပါတယ်။

play

 

"ဒီဇာတ်ကောင်ကို လူကြီးလူငယ်၊ ကျားမမရွေး လူတိုင်းနဲ့ ဆက်စပ်လို့ရတဲ့ နည်းလမ်းတစ်ခုနဲ့ ဖော်ပြချင်ခဲ့တာပါ" လို့ ဂဒေါ့က ရှင်းပြခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ