Movie & Music: ကုလသမဂ္ဂက Wonder Woman ဇာတ်ကောင်ကို သံတမန်ခန့်အပ်

ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ကြားကပဲ တရားဝင်ခန့်အပ်လိုက်ပါတယ်။

play

 

အမေရိကန် ရုပ်ပြ DC Comic ရဲ့ နာမည်ကျော်ဇာတ်ကောင် Wonder Woman ကို ကုလသမဂ္ဂက သံအဖြစ်ခန့်အပ်လိုက်ပါတယ်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုယ်စားပြု သံတမန်အဖြစ် Wonder Woman ကို အောက်တိုဘာ ၂၁ ရက်မှာ ခန့်အပ်လိုက်တာဖြစ်ပါတယ်။

play

 

ကုလရဲ့ဝန်ထမ်းအချို့ကတော့ စိတ်ကူးယဉ်ဇာတ်ကောင်ကို သံတမန်ခန့်အပ်ဖို့ကို ကန့်ကွက်ကြသလို Wonder Woman ရဲ့ ၀တ်စုံကလည်း ဆက်စီကျတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ သံတမန်ခန့်အပ်ရေး အဆိုပြုခိုင်းစဉ်မှာ မတ်တပ်ရပ်ကျောခိုင်းကာ ကန့်ကွက်ကြပေမဲ့ ထောက်ခံမဲက ပိုများတာကြောင့် DC Comic ရဲ့ သူရဲကောင်းဇာတ်ကောင်ဟာ ကုလရဲ့ တရားဝင်သံတမန်ဖြစ်လာခဲ့ရပါတယ်။

play

 

ယခုနှစ်ဟာ Wonder Woman ဇာတ်ကောင် ပွဲထွက်ခြင်း ၇၅ နှစ် ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ရုပ်ပြဇာတ်လမ်းထဲမှာတော့ Wonder Woman ဟာ အမေဇုန် အမျိုးသမီးမျိုးနွယ်စု ဘုရင်မဖြစ်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန်သမ္မတအိမ်တော်ကို ဆက်သွယ်သွားလာနေသူပါ။ သံတမန်အဖြစ် ခန့်အပ်လွှာကိုတော့ Wonder Woman နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ဒါ ကာတာနဲ့ ဂယ်လ်ဂါဒေါ့တို့က လက်ခံရယူပေးခဲ့ကြပါတယ်။

Source : Guardian

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ