Movie & Music: Wonder Woman ကို သံအမတ်ခန့်အပ်ထားမှု ကုလပြန်လည်ရုပ်သိမ်း

ကုလသမဂ္ဂဝန်ထမ်းတွေက ပြင်းပြင်းထန်ထန်ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

play

 

DC Comics ရဲ့ ကာတွန်းဇာတ်ကောင် Wonder Woman ကို အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုယ်စားပြု သံအမတ်အဖြစ် ခန့်အပ်ထားမှုကို ကုလသမဂ္ဂက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အောက်တိုဘာ ၂၁ ရက်ကမှ ခန့်အပ်ခဲ့တာဖြစ်ပြီး ရှေ့နှစ်ထဲမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ခန့်အပ်ခဲ့တာပါ။

play
Wonder Woman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ လင်ဒါကာတာနဲ့ ဂယ်လ်ဂါဒေါ့တို့က သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့ကြပါတယ်။

 

သံအမတ်ခန့်အပ်ဖို့ ရွေးချယ်ခဲ့စဉ်မှာပဲ ကုလသမဂ္ဂဝန်ထမ်းတွေက ပြင်းပြင်းထန်ထန်ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။ ဝေဖန်မှုတွေထဲမှာ Wonder Woman ရဲ့ သွင်ပြင်လက္ခဏာက အရမ်းကို ဆက်စီကျလွန်းနေတာလည်း ပါဝင်ပါတယ်။ လူပေါင်း ၄၅၀၀၀ နီးပါးကလည်း Wonder Woman ကို သံအမတ်ခန့်အပ်မှုအား ပြန်လည်သုံးသပ်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့တဲ့အထိ ဖြစ်ပွားခဲ့ပြီးနောက်မှာ သံအမတ်ခန့်အပ်မှုကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Source : EW

 ယခင်သတင်းနှင့်ဆက်စပ်ဖတ်ရှုရန် --->  ကုလသမဂ္ဂက Wonder Woman ဇာတ်ကောင်ကို သံတမန်ခန့်အပ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ