Movie & Music: အားပေးသူများပြားတဲ့ ဂျက်စီကာရဲ့သီချင်းဗီဒီယိုသစ် Wonderland

စိတ်ပျော်ရွှင်ပြီး မြူးကြွလာမယ့် သီချင်းလေးပါ။

play

 

Girls' Generation အဖွဲ့ဝင်ဟောင်း ဂျက်စီကာရဲ့ သီချင်းဗီဒီယိုသစ် Wonderland ကို နှစ်သက်သူများပြားနေကြောင်း YouTube ပေါ်ကတစ်ဆင့် ကြည့်ရှုနှုန်းကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့ကမှ YouTube ပေါ်ကို ရောက်လာတဲ့ သီချင်းဗီဒီယိုသစ်ဟာ တစ်ရက်အတွင်းမှာတင် အကြိမ်ရေ ၁ သန်းခွဲကျော် ကြည့်ရှုခံထားရပါတယ်။

 

ဒီသီချင်းထဲမှာတော့ ဂျက်စီကာရဲ့ လှပတဲ့ မျက်နှာလေးကို ရွှင်ရွှင်လန်းလန်းနဲ့ မြင်ရမှာပါ။ သီချင်းသံစဉ်နဲ့ စာသားလေးတွေကလည်း မြူးမြူးလေးတွေဖြစ်လို့ ပရိသတ်တွေက သဘောကျကြပါတယ်။ ကေပေါ့ပ်သီချင်းတွေရဲ့ ထုံးစံအတိုင်း အကလှလှလေးတွေ ပါဝင်တာဖြစ်ပေမဲ့ ဒီသီချင်းမှာတော့ နောက်ခံရှုခင်း အလှအပတွေကိုပါ ခံစားရတာကြောင့်လည်း Wonderland ဟာ ကေပေါ့ပ်ပရိသတ်တွေအကြိုက် သီချင်းဗီဒီယိုတစ်ခု ဖြစ်လာပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ