Movie & Music: X Factor ဆုရှင် မက်တယ်ရီအတွက် သီချင်းစပ်ပေးခဲ့တဲ့ အက်ဒ်ရှီရန်

ပရိသတ်က အဲဒီသီချင်းကို အက်ဒ်ရှီရန်ကိုယ်တိုင် သီဆိုရင် ပိုကောင်းမယ်လို့ ဆိုကြပါတယ်။

X Factor winner မက်တယ်ရီရဲ့ When Christmas Comes Around
play

 

အက်ဒ်ရှီရန်ဟာ မီးရောင်တွေရဲ့ဝေးရာမှာ အေးအေးလူလူနေထိုင်နေပေမဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက ပြုလုပ်တဲ့ X Factor ဖိုင်နယ်ပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။

X Factor ပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ မက်တယ်ရီသီဆိုတဲ့ When Christmas Come Around သီချင်းကို အက်ဒ်ရှီရန်ရေးစပ်ထားမှန်း ပရိသတ်က သိသွားခဲ့တဲ့အခါမှာတော့ စိတ်ဆိုးသွားကြပါတယ်။

play

 

"ဒီသီချင်းကို အက်ဒ်ရှီရန်ကိုယ်တိုင်ဆိုရင် ပိုကောင်းမှာ" လို့ ပရိသတ်တစ်ဦးက ရေးသားထားပါတယ်။

play

 

"အက်ဒ်ရှီယန်..အဲဒီသီချင်းကို မက်တယ်ရီကို လုံးဝမပေးသင့်ဘူး။ အက်ဒ်ဆိုတာပဲ ကြားချင်တာ။ X Factor မှာ အနိုင်ရသူတစ်ယောက် သီဆိုတာကြားချင်တာမဟုတ်ဘူး။ အရမ်းစိတ်ဆိုးတယ်" လို့ တခြားတစ်ဦးကလည်း ရေးသားထားပါတယ်။

X Factor က အက်ဒ်ရှီယန်ကို ဒီသီချင်းပေးလာအောင် ဘယ်လိုများ စည်းရုံးလိုက်သလဲလို့လည်း လူတွေက မေးမြန်းထားကြပါတယ်။

play

 

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ 2016 X Factor ဖိုင်နယ်ပွဲမှာ မက်သ်တယ်ရီက အနိုင်ရရှိခဲ့တာဖြစ်ပြီး Winner Song အဖြစ် အက်ဒ်ရှီရန်ရေးသားတဲ့ When Christmas Come Around ကို သီဆိုခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ