Entertainment: ဝိုင်းစုရဲ့ MTV စနေနေ့ ထွက်မည်

, updated

ဒီဇင်ဘာ ၅ ရက်နေ့ ရန်ကုန် လှည်းတန်းစင်တာနဲ့ ၆ ရက်နေ့မှာတော့ မန္တလေးက မနောယမံကွင်းမှာ လက်မှတ်ထိုးပွဲ ပြုလုပ်သွားမှာပါ။

play

 

ဝိုင်းစုခိုင်သိန်းရဲ့ ခါချနေရတယ် MTV ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင် ဖြန့်ချိတော့မှာပါ။

ခါချနေရတယ် သီချင်းအယ်လ်ဘမ်ကို ဝိုင်းစုက ဖေဖော်ဝါရီကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး အခုတော့ MTV အနေနဲ့ ပရိသတ်လက်ထဲကို ပို့ပေးတော့မှာ ဖြစ်ပါတယ်။ သီချင်းတစ်ခွေလုံးမှာ စုံတွဲသီချင်းတွေပဲ ပါဝင်ပြီး MTV ရိုက်ကူးရေးအတွက် ငွေကြေးများစွာ အကုန်ကျခံ ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

play

 

လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ပရိသတ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးရင်းနဲ့ Ve Ve က ပြုလုပ်မယ့် ရှိုးပွဲလက်မှတ်တွေကိုလည်း ကံစမ်းပေးသွားဦးမှာပါ။

Photo : www.yangonlife.com.mm

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ