Entertainment: လူကြားထဲကြည့်ဖို့တောင် မသင့်လျော်တဲ့ ရီဟားနားရဲ့MTV

Work သီချင်းတုန်းကလည်း ဖော်ချွတ်ခန်းတွေနဲ့ ရိုက်ကူးထားလို့ လူပြောများခဲ့တယ်ဆိုရင် ဒီသီချင်းကြောင့် ပိုပြီးအပြောခံရမှာ အသေအချာပါပဲ။

play

 

ရီဟားနားရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ် (ANTI) ထဲက Kiss It Better သီချင်းရဲ့ MTV ထွက်လာပါပြီ။ အယ်လ်ဘမ်သစ်ထဲက ဒုတိယမြောက်ထွက်ရှိလာတဲ့ MTV လည်း ဖြစ်ပါတယ်။

play

 

Work သီချင်းတုန်းကလည်း ဖော်ချွတ်ခန်းတွေနဲ့ ရိုက်ကူးထားလို့ လူပြောများခဲ့တယ်ဆိုရင် ဒီသီချင်းကြောင့် ပိုပြီးအပြောခံရမှာ အသေအချာပါပဲ။ Kiss It Better သီချင်းဟာ အယ်လ်ဘမ်ထွက်လာကတည်းက လူကြိုက်များခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။ MTV ထဲမှာတော့ ရီဟားနားက တော်တော်လေး ချွတ်ထားတာပါ။

play

 

အဖြူအမည်းနဲ့ ရိုက်ကူးထားပေမယ့်လည်း ရီဟားနားရဲ့ ရင်သားတွေနဲ့ တင်ပါးတွေကိုတော့ ထင်ထင်ရှားရှားကြီး မြင်နေရပါတယ်။ တစ်ယောက်တည်း ဆက်စီတွေကျနေပုံကလည်း ရဲတင်းလွန်းပါတယ်။

play

အနက်ရောင်ဇာပါးပါးလေးအောက်မှာ အထင်းသားပေါ်နေတဲ့ ရင်သားတွေကို ပိုပြီးသိသာအောင်လည်း ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ