Entertainment: ရန်ကုန်မြို့ရဲ့ Night Life အရသာကိုပေးစွမ်းနိုင်တဲ့ နေရာ ၅ ခု

တစ်ခါတစ်ရံ အပေါင်းအသင်းတွေနဲ့ အပြင်ထွက်ဖို့ရုတ်တရက်ဖြစ်လာတဲ့အခါ ဘယ်သွားလို့ သွားရမှန်း မသိဖြစ်နေတက်ပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မှာ လည်ပတ်စရာ၊ သွားစရာလာစရာအပြင် စားစရာမျိုးစုံ ရှိပါတယ်။ အထူးသဖြင့် ခရီးသွားတွေအတွက် အသစ်အဆန်းပေါင်းများစွာရှိပါတယ်။ သင်ဟာ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်နေသည့်တိုင်အောင် ရန်ကုန်မှာ ပျော်စရာအသစ်အဆန်းတွေ အကုန်လုပ်ဖူးချင်မှ လုပ်ဖူးပါလိမ့်မယ်။ ရန်ကုန်၊မန္တလေးတို့လို့ မြို့ကြီးတွေရဲ့ အားသာချက်က ညရဲ့အရသာ (Night Life) ကိုအပြည့်အဝ ခံစားလို့ရတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ Night Life ထွက်မယ်ဆိုရင် ဦးစားပေးသွားသင့်တဲ့ နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ တရုတ်တန်း

play

ရန်ကုန်မြို့လယ်မှာရှိတဲ့ တရုတ်တန်းက အချက်အချာကျတဲ့ နေရာလည်းဖြစ်သလို Night Life အရသာကို အပြည့်အဝခံစားလို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။ စားသောက်ဖွယ်ရာမျိုးစုံရှိတဲ့အပြင် ဈေးဆိုင်များစွာလည်း ရှိပါတယ်။ ညသန်းခေါင်ယံအချိန်နားထိအောင် တရုတ်တန်းတဝိုက်မှာ အသီးအနှံဈေးသည်တွေကို သင်တွေ့နိုင်ပါတယ်။ အခြားအသင့်စား တရုတ်စာတွေအပြင် စားသောက်ဖွယ်ရာမျိုးစုံကို တရုတ်တန်း တစ်ဝိုက်မှာ ရနိုင်ပါတယ်။ ညဘက်သန်းခေါင်းယံ ကျော်သည့်တိုင်အောင် တရုတ်တန်းတဝိုက် စည်ကားနေတက်ပြီး Night Life အရသာကို သင်အပြည့်အဝ ရနိုင်တဲ့နေရာဖြစ်ပါတယ်။ ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်ငယ်လေးတွေများစွာလည်းရှိပြီး သင်လိုအပ်တဲ့အရာအတော်များများ အဲဒီလိုဆိုင်တွေမှာ ရယူနိုင်ပါတယ်။

၂။ ၁၉ လမ်း

play

 

ရန်ကုန်မြို့မှာရှိတဲ့လမ်းတွေထဲမှာ ဘီယာဆိုင်အများဆုံး လမ်းတစ်လမ်းလို့တောင် ဆိုနိုင်ပါတယ်။ ၁၉ လမ်းထဲဝင်သွားတာနဲ့ ဘီယာဆိုင်နဲ့ အသားကင်ဆိုင်များကို သင်တွေ့ရမှာဖြစ်ပါတယ်။ ၁၉ လမ်းတလျှောက် တိုက်ခန်းများရဲ့ မြေညီထပ်ဆိုင်ခန်းများအားလုံးလိုလိုဟာ ဘီယာဆိုင်တွေဖြစ်ပါတယ်။ သင့်အတွက် သက်သောင့်သက်သာဖြစ်စေမယ့် ဆိုင်ကို ရွေးချယ်ပြီး ထိုင်နိုင်ပါတယ်။

၁၉ လမ်းဟာ အခြားလမ်းတွေထက် လူပိုရှုပ်တဲ့လမ်းလည်းဖြစ်ပါတယ်။ လမ်းလျှောက်ဈေးသည်တွေ၊ ပိုက်ဆံတောင်းသူတွေ၊ လာရောက်စားသုံးသူတွေနဲ့ ညဘက်ဆို အမြဲတမ်း လူရှုပ်တဲ့လမ်းမ ဖြစ်ပါတယ်။ ၁၉ လမ်းကနေ ဘယ်နေရာကိုသွားသွား အချက်အချာ ကျလို့ ညစဉ်လာရောက် စားသုံးသူ များလှပါတယ်။ ရန်ကုန်ရဲ့ Night Life ကိုခံစားချင်ရင် ၁၉ လမ်းကလည်း လက်မလွှတ်သင့်တဲ့ နေရာတစ်ခုပါ။

၃။ လှည်းတန်း

play
 

ရန်ကုန်မှာ နေသူများအဖို့တော့ လှည်းတန်းမြင်ကွင်းဟာ သိပ်ထူးဆန်းမနေတော့ပါဘူး။ ဒါပေမယ့် ဧည့်သည်များ အတွက်တော့ လှည်းတန်းရဲ့ လူအုပ်ကြီးက အထူးအဆန်းဖြစ်စေပါတယ်။ လှည်းတန်းဟာ ညနက်အထိ စည်ကားလေ့တော့ မရှိပါဘူး။ လှည်းတန်းမှာ ဈေးဝယ်စရာနေရာနဲ့ သင်တန်း၊ ရုံးခန်းများသာ ပေါများတဲ့အတွက် ညနက်အထိစည်ကားတဲ့ night life နေရာတွေထဲမှာ လှည်းတန်းမပါဝင်ပါဘူး။ ဒါပေမယ့်ူ များပြားထူထပ်လှတဲ့ လူအုပ်ကြီးထဲ သင်လည်းမျောပါသွားရင်း ဈေးဆိုင်တွေနဲ့ ဟိုဟိုဒီဒီ ငေးနေရာတာကိုက အရသာတစ်ခုဖြစ်နေပါတယ်။ လှည်းတန်းမှာ ဘီယာဆိုင်၊ night club၊ စတဲ့အရာတွေ မရှိသလောက်နည်းပါးတာကလည်း ညဥ့်နက်အထိ မစည်ကားရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

၎။ ပွဲဈေးတန်းများ

play

မိုးရာသီကုန်လို့ ပွင့်လင်းရာသီရောက်ပြီဆိုရင် ရန်ကုန်မြို့မှာလည်း နေ့ရာအနှံ့ ပွဲဈေးတန်းတွေ ပေါ်လာတက်ပါတယ်။ အများအားဖြင့် ပွဲဈေးများဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတက်တာကြောင့် ပွင့်လင်းရာသီတစ်လျှောက် မပြတ်လပ်အောင် ရှိနေတက်ပါတယ်။ ကျောက်မြောင်းပွဲဈေး၊ ဗိုလ်တစ်ထောင်ဘုရားပွဲဈေး၊ ကျိုက်ဝိုင်းဘုရားပွဲဈေးတွေနဲ့ ရွှေတိဂုံမှာလုပ်လေ့ရှိတဲ့ တန်ဆောင်မုန်း ပွဲဈေးတွေဟာ ရန်ကုန်မှာ ရိုးရိုးရှင်းရှင်း night life အရသာကို လိုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပွဲဈေးခင်းလျှောက်ရင်း ရိုးရာမုန့်မျိုးစုံကို ငွေကုန်ကြေးကျ များစွာမရှိပဲ စားသောက်နိုင်သေးလို့ အများစုအတွက် အထူးသင့်လျော်တဲ့ night life နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

၅။ Night club များ

play

 

ဒါကတော့ ရန်ကုန် night life တွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။ ဘီယာဆိုင်များနည်းတူ Night club များလည်း ရန်ကုန်မြို့မှာ မရှားပါးလှပါဘူး။ ရန်ကုန်မြို့လယ်နားတစ်ဝိုက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တစ်ဝိုက်နဲ့ တာမွေ၊ အလုံလမ်း စတဲ့နေရာတွေမှာ Night Club များကို တွေ့နိုင်ပါတယ်။ Night Life အပျော်ကိုရှာဖွေကြသူတွေအတွက် Night Club တွေဟာ တစ်ညတာမှာ နောက်ဆုံးသွားရာ နေရာလည်း ဖြစ်တက်ပါတယ်။  

အိမ်နီးချင်းထိုင်းနိုင်ငံက ဘန်ကောက်ခရီးသွားမြို့လို Night Life အရသာကို မြည်းစမ်းဖို့ အခွင့်အလမ်း ပေါများစွာ ရှိမနေသေးပေမယ့်လည်း ဒါတွေက ရန်ကုန်မြို့မှာ Night Life ထွက်တဲ့အခါ အသင့်တော်ဆုံး နေရာတွေဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ