Entertainment: ဂျစတင်ဘီဘာ Nirvana တေးဂီတ အဖွဲ့ရဲ့ တီရှပ်ဝတ်တဲ့ အတွက် ရှုံ့ချခံရ

ဂျက်စတင်ဘီဘာဟာ အမေရိကန်ဂီတဆုပေးပွဲရဲ့ ကော်ဇောနီပေါ်ကို Nirvana တီရှပ်တစ်ထည်ဝတ်ပြီး လျှောက်လာတဲ့အတွက် Nirvana ရဲ့ ပရိသတ်တွေက တွစ်တာမှာ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့ကြပါတယ်။

play

Nirvana အဖွဲရဲ့ ခေါင်းဆောင် ကက်တ်ကိုဘိန်းသာ ဂျက်စတင်ဘီဘာ Nirvana ရှပ်ဝတ်မြင်ရင် အုတ်ဂူထဲမှာ လှိမ့်နေလိမ့်မယ်လို့ တချို့က ပြောခဲ့ကြပါတယ်။

Nirvana ရဲ့ပရိသတ်တွေဟာ အသက် ၁၈ နှစ်အရွယ်သာသာရှိတဲ့ ကောင်လေးက ၁၉၉၀ ပြည့်နှစ်တွေအတွင်းမှာ နာမည်ကြီးခဲ့တဲ့ ရော့ခ်တေးဂီတအဖွဲ့ကို ရှပ်အင်္ကျီတစ်ထည်နဲ့ ဂုဏ်ပြုတာ မြင်တော့ အံ့သြသွားပါတယ်။ ဒါပေမဲ့ ဂျက်စတင်ဘီဘာက ၁၉၉၄ ခုနှစ်မှာ မွေးခဲ့ပြီး grunge rock ခေတ်မှာ တကယ်ရှင်သန်ခဲ့ဖူးတာ မဟုတ်တဲ့အတွက် စိတ်မကောင်းဖြစ်ကြပါတယ်။ ဒါက ဖက်ရှင်အရ ရွေးချယ်မှုတစ်ခုသာဖြစ်ပြီး တကယ်အဓိပ္ပာယ်ရှိရှိ ဝတ်ဆင်တာမှ ဟုတ်ရဲ့လား။

play

 

နောက်ပိုင်းမှာ ဂျက်စတင်က ပွဲမှာ ဖျော်ဖြေဖို့အတွက် သူ့ရဲ့ရှပ်အင်္ကျီို လဲခဲ့ပြီး ဦးထုပ်နဲ့ အင်္ကျီလက်ရှည်ကို ဝတ်ခဲ့ပါတယ်။

play

 

အဲဒီပွဲမှာ ဂျက်စတင်ဟာ ရေတံခွန်အောက်မှာ တစ်ကိုယ်လုံး ရေတွေစိုရွှဲတဲ့အထိ ဖျော်ဖြေသွားခဲ့တာ အရမ်းကို ကြည့်ကောင်းပါတယ်။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ